![]() |
မန္တလေးမြို့နယ်မှာ ရေကြီးနေတာကို သြဂုတ်လ ၃ ရက်နေ့က တွေ့ရစဉ်။ Photo: Hset Paing Toe/RFA |
ရေဘေးဒဏ် အဆိုးဆုံးခံနေရတဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ဧရာဝတီနဲ့ ပဲခူးစတဲ့ တိုင်းဒေသကြီး ၅ ခုအတွက် ငွေကျပ်သိန်း ၁ ထောင်စီ ထပ်တိုးထောက်ပံ့ပေးထားတယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချ ထားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်း က ပြောပါတယ်။
မကွေးတိုင်းက ၁၄ မြို့နယ်၊ ဧရာဝတီတိုင်းက ၁၃ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၁၂ မြို့နယ်၊ မန္တလေးတိုင်းက ၁ဝ မြို့နယ်နဲ့ ပဲခူးတိုင်းက ၇ မြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်နေတာပါ။
ဧရာဝတီတိုင်း ဟင်္သာတ၊ ပုသိမ်နဲ့ ဖျာပုံမြို့အနီးတဝိုက်၊ ပဲခူးတိုင်း ပြည်နဲ့ ပဲခူးမြို့ကြား၊ ရန်ကုန်တိုင်းက မင်္ဂလာဒုံနဲ့ သန်လျင်မြို့အနီးတဝိုက်မှာ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင် က သတိပေးထားပါတယ်။
RFA Burmese
http://www.rfa.org/burmese
ရေဘေးဒုက္ခသည် ၄ သိန်းနီးပါး အတွက် ငွေကျပ်သိန်းပေါင်း ၃၅ဝဝ နီးပါး ထောက်ပံ့
Reviewed by THITHTOOLWIN
on
19:18
Rating:
