မိုးကောင်းမြို့ နယ် ဆားမှော်ကျေးရွာအနီးတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံရှမ်းနီ သုံးဦးသေဆုံး


သြဂုတ် ၅ ၊ မိုးကောင်း

မိုးကောင်းမြို့ နယ် ဆားမှော်ကျေးရွာ၏ အရှေ့ဘက်ခြမ်း ဆွမ်လဲယနန် ရွာအ၀င်တွင် သြဂုတ်လ ၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ဆားမှော် အောင်တံခွန်ရပ်ကွက်မှ ဒေသခံ သုံးဦးသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။


အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဆားမှော် အောင်တံခွန်ရပ်ကွက်မှ ကျန်အောင် ( ၂၈ နှစ် ၊ အဖအမည် - ဦးလှမောင် ၊ ရှမ်းနီ ) ၊ ချမ်းအေး ( ၂၁ နှစ် ၊ အဖအမည် - ဦးမောင်ထွေး ၊ ရှမ်းနီ ) တို့သည် ဖြစ်ပွားသည့်နေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၊ အောင်မင်းဝေ ( ၂၀ နှစ် ။ အဖအမည် - ဦးညွန့်အောင် ၊ ရှမ်းနီ ) သည် ညနေ ၆ နာရီ အချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်သည် ။


ထိုသေဆုံးသူများသည် သြဂုတ်လ ၅ ရက်နေ့ နံနက် ၂ နာရီမှသာ ဆားမှော်တိုက်နယ်ဆေးရုံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ပြီး ဆရာဝန်စစ်ဆေးချက် အတည်ပြုမှုများပြုလုပ်နေကြောင်း ဆားမှော်ဒေသခံများ ထံမှ သိရသည် ။

မိုးကောင်းမြို့ နယ်အတွင်းတွင် မိုင်းပေါက်ကွဲမှုများသည် တစ်လအတွင်း သုံးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး ထောင်မိုင်းများလည်း အဆက်မပြတ်တွေ့ရှိနေကြောင်း သိရသည် ။

The Voice of Shan-Ni
မိုးကောင်းမြို့ နယ် ဆားမှော်ကျေးရွာအနီးတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံရှမ်းနီ သုံးဦးသေဆုံး  မိုးကောင်းမြို့ နယ် ဆားမှော်ကျေးရွာအနီးတွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် ဒေသခံရှမ်းနီ သုံးဦးသေဆုံး Reviewed by THITHTOOLWIN on 03:52 Rating: 5
Powered by Blogger.