မုဆိုးမ ကို အဓမ္မကျင့်ခဲ့သူ လျှာဖြတ်ခံရ


23August 2016

ထိုင်းနိုင်ငံ ဘန်ကောက်နယ်မြေ Suvarnabhumi ဆူဝါနပူး မြို့ နယ်မှာ အသက် (၅၁)နှစ်အရွယ်ထိုင်း အမျိုးသမီးကို ထိုင်းအမျိုးသားတစ်ဦးက မနက် (၃)နာရီမှာ အခန်းတွင်းဝင်ရောက်လာပြီး မုဒိန်းကျင့်ဘို့  ကျိုးစားခဲ့ပါတယ်။

တရားခံက အမျိုးသမီးနဲ့  သိကျွမ်းနေတဲ့ သူ တစ်ဦးဖြစ်ကြောင်းသိရပြီး ၊မတရားကျင့်ခံရတဲ့ အမျိုးသမီးဟာ ယောက်ကျားဖြစ်သူသေဆုံးသွားခဲ့ပြီးကတဲက တစ်ဦးထဲ နေထိုင်နေသူဖြစ်ပါတယ်။

အမျိုးသမီးဟာ ရုန်းကန်တာ- ပါတ်ဝန်းကျင်ကို အော်ဟစ် အကူညီတောင်းခဲ့တာမျိုး မလုပ်ခဲ့ပဲ အမျိုးသားအလို အတိုင်း ငြိမ်နေခဲ့ပြီးမှ အမျိုးသားရဲ့ လျှာဟာ သူမပါးစပ်ထဲရောက်လာတဲ့အခါ အမိအရကိုက်ဖြတ် ခဲ့ပါတယ်။

တရားခံဟာ လျှာဖြတ်ရက်တန်းလန်း ထွက်ပြေးသွားခဲ့ပြီး နီးစပ်ရာမြို့ နယ်ဆေးရုံမှာ တက်ရောက်ကုသနေခဲ့ရပါတယ်၊ နောက်တနေ့ မှာ အမျိုးသမီးရဲ့  တိုင်းတန်းချက် နဲ့  ရဲတွေက ဆေးရုံတွေ ကို အကြောင်းကြားစစ်ဆေးခဲ့ရာ ကနေ ဆေးရုံတက်နေရတဲ့ တရားခံ လျှာပြတ်ကို ရဲတွေကဖမ်းဆီးနိုင်ခဲ့တာပါ။

တရားခံဟာ လျှာတ၀က်ခန့် ပြတ်သွားခဲ့လို့  စကားတောင်မပီတော့တာ ကိုတွေ့ ရပါတယ်။

Social Action for Women - SAW
မုဆိုးမ ကို အဓမ္မကျင့်ခဲ့သူ လျှာဖြတ်ခံရ   မုဆိုးမ ကို အဓမ္မကျင့်ခဲ့သူ လျှာဖြတ်ခံရ Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.