သန်လျင်တွင် ဘောလုံးပွဲကစားရာမှ ရုန်းရင်းဆန်ခတ်ဖြစ် သေနတ်ပစ်ဖောက် ထိန်းသိမ်းရ

ဓာတ်ပုံ-လုံခြုံရေးရဲတပ်ဖွဲ့ဝင်များကလုံခြုံရေးဆောင်ရွက်နေစဉ်
သန်လျင်မြို့နယ် အားကစားနှင့် ကာယပညာ ကော်မတီမှ ဦးစီးကျင်းပသော သန်လျင်မြို့ စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဖလားဘောလုံးပြိုင်ပွဲကို ယနေ့ညနေတွင် သန်လျင်မြို့နယ် သီဟဒီပ အားကစားကွင်းတွင် ကျင်းပရာ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို နှစ်ဖက်အသင်းသားများက မကျေမနပ်ဖြစ်ရာမှ ရုန်းရင်းဆန်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သန်လျင်ရဲစခန်းမှ သိရသည်။


ဒုတိယပိုင်းပြီးခါနီး အချိန်တွင် အချိန်ပိုကိစ္စနှင့် ပတ်သက်ပြီး ဒိုင်လူကြီး ဆုံးဖြတ်ချက်အပေါ်နှစ်ဖက်အသင်းသားများက မကျေနပ်ကြဘဲ ရုန်းရင်းဆန်ခတ်ဖြစ်ကြကြောင်း ရုန်းရင်းဆန်ခတ်ဖြစ်စဉ် ဒိုင်လူကြီးကိုကန်မိခဲ့ကြောင်းသိရသည်။


လက်ရှိအချိန်တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်လျှက်ရှိပြီး ဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းသိရသည်။ ရုန်းရင်းဆန်ခတ်ဖြစ်မှုတည်ငြိမ်ရန် ကစားကွင်း လုံခြုံရေးယူတားသော ရဲတပ်ဖွဲ့မှ သေနတ်ပစ် ဖောက်ထိန်းသိမ်းခဲ့ရကြောင်း ဆက်လက်သိရသည်။


သန်လျင်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးအောင်နိုင်ထွန်းက" ဘောလုံးပွဲထုံးစံအတိုင်းနှစ်ဖက်အပြည့်အ၀  အားပေးတာပေါ့ဗျာ။ ကစားသမားတွေ ကစားတာကြမ်းတော့ ဒိုင်လူကြီးက ၀င်ထိန်းရတာပေါ့။ပွဲပြီးခါနီး နာကျင်အချိန် ပိုတောင်းတာပေါ့။ ဒိုင်ကလဲ မိနစ် ၅၀ လောက်အထိ ပေးကစားထားပါတယ် "ဟု
ပြောကြားသည်။

စောင့်ကြည့်သတင်းအဖွဲ့
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
သန်လျင်တွင် ဘောလုံးပွဲကစားရာမှ ရုန်းရင်းဆန်ခတ်ဖြစ် သေနတ်ပစ်ဖောက် ထိန်းသိမ်းရ  သန်လျင်တွင် ဘောလုံးပွဲကစားရာမှ ရုန်းရင်းဆန်ခတ်ဖြစ် သေနတ်ပစ်ဖောက် ထိန်းသိမ်းရ Reviewed by THITHTOOLWIN on 20:01 Rating: 5
Powered by Blogger.