![]() |
-အစ္စရေးနိုင်ငံ ရှိ Ben Gurion လေဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်) |
ယူကရိန်းနိုင်ငံ မြို့တော် ကိယက်ဗ် သို့ ဦးတည်ပျံသန်းမည့် ခရီးသည် ၁၈၂ဦးတင်ဆောင်လာသော အစ္စရေးလေယာဉ် တစ်စီးသည် သြဂုတ်လ ၁၈ ရက် ညပိုင်းက လေဆိပ်မှထွက်ခွာစဉ် လေယာဉ်ဘီးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့၍ Tel Aviv မြို့ ၌ အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း သတင်းရရှိသည်။
အစ္စရေးနိုင်ငံ လေဆိပ် အာဏာပိုင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက အဆိုပါ လေယာဉ်အား El-Al လေကြောင်းလိုင်း၏ တန်ဖိုးနည်း ခရီးသည်ပို့ဆောင်ရေး လေကြောင်းလိုင်း တစ်ခု ဖြစ်သည့် UP မှ ပိုင်ဆိုင်ကြောင်း ပြောကြားခဲ့သည်။
မီးသတ်ဝန်ထမ်းများစွာ နှင့် Magen David Adom အရေးပေါ်ဆေးကုသမှု အဖွဲ့များ သည် လေယာဉ် အရေးပေါ်ဆင်းသက်စဉ် Tel Aviv မြို့အပြင်ဘက် ရှိ Ben Gurion လေဆိပ်၌ လေယာဉ်အားစောင့်ဆိုင်းနေခဲ့ကြောင်း သိရသည်။
ပြောရေးဆိုခွင့်ရှိသူက လေယာဉ်သည် ၄င်း၏ လေယာဉ်ဆီများကို ပင်လယ်ပြင်၌ စွန့်ပစ်ပြီးနောက် သန်းခေါင်ယံတွင် မြေပြင်သို့ဆင်းသက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ယူကရိန်းသို့ဦးတည်ပျံသန်းသည့် အစ္စရေးလေယာဉ် ဘီးပေါက်ကွဲခဲ့၍ အရေးပေါ်ဆင်းသက်ရ
Reviewed by THITHTOOLWIN
on
16:23
Rating:
