အိုလံပစ် ကင်မရာကျလို့ လူ ၇ ဦး ဒဏ်ရာရ

ကင်မရာပြုတ်ကျလို့ ဒဏ်ရာရသူကို ဆေးရုံတင်စဉ် (Credit: ABC licensed) 
အိုလံပစ် ​အားကစားပွဲတွေကို ​အပေါ်စီးကနေ ​ရိုက်ကူးဖို့အတွက် ​နေရာချထားတဲ့ ​ရုပ်မြင်သံကြား ​ကင်မရာ ​တစ်လုံး ​ပြုတ်ကျလို့ ​လူ ​၇ ​ဦးလောက် ​ဒဏ်ရာ ​ရရှိသွားပါတယ်။

ကြိုးနဲ့ ​သွယ်ထားတဲ့ ​ကင်မရာက ​မီတာ ​၂၀ ​အမြင့်ကနေ ​ကျရောက်ခဲ့တာဖြစ်ပြီး ​ပြင်းပြင်းထန်ထန် ​ဒဏ်ရာ ​မရကြပေမယ့် ​လူလေးယောက်ကို ​ဆေးရုံတင်ခဲ့ရပြီး ​နှစ်ယောက်ကတော့ ​ကလေးငယ်တွေ ​ဖြစ်ကြပါတယ်။

ကင်မရာတွေ ​လေးလွန်းတဲ့အတွက် ​အခုလို ​ဖြစ်ရပ် ​မတိုင်ခင် ​ကင်မရာတလုံးကို ​ဆွဲထားတဲ့ ​ကြိုးပြတ်လို့ ​ကြိုတင်ပြင်ဆင်မှု ​လုပ်နိုင်ခဲ့ပေမယ့် ​ဒီတချီမှာ ​မလုပ်နိုင်ခဲ့ဘူးလို့ ​ဆိုပါတယ်။

ဘရာဇီးလ်နိုင်ငံ ​Rio ​မြို့မှာ ​ကျင်းပနေတဲ့ ​နွေရာသီ ​အိုလံပစ် ​အားကစားပွဲတော်ဟာ ​တောင်အမေရိကားတိုက်မှာ ​ပထမဆုံးအကြိမ် ​ပြုလုပ်တဲ့ ​အိုလံပစ်အားကစားပွဲတော် ​ဖြစ်ပါတယ်။

ဒါပေမဲ့ ​ကစားသမားတွေအတွက် ​နေရာထိုင်ခင်း ​အဆင်မပြေတာတွေ၊ ​ခိုးယူလုယက်မှုတွေနဲ့ ​တခြား ​လုံခြုံရေး ​ပြဿနာတွေကြောင့် ​ပွဲဖြစ်မြောက်ရေး ​ကော်မတီအတွက် ​မျက်နှာပျက်စရာတွေ ​ဖြစ်ခဲ့ရပါတယ်။

နောက်အိုလံပစ်နဲ့ ​ဆက်စပ်တဲ့ ​သတင်းတခုမှာတော့ ​အီဂျစ်နိုင်ငံက ​ဂျူဒို ​ကစားသမားဟာ ​အစ္စရေးနိုင်ငံက ​ပြိုင်ဘက် ​ကစားသမားနဲ့ ​လက်ဆွဲနှုတ်ဆက်ဖို့ ​ငြင်းဆန်တဲ့အတွက် ​အီဂျစ်နိုင်ငံကို ​ပို့ဆောင်ခံလိုက်ရပါတယ်။

အီဂျစ် ​ဂျူဒိုကစားသမား ​Islam ​El ​Shehaby ​ဟာ ​ဟဲဗီးဝိတ်ပြိုင်ပွဲမှာ ​Or ​Sasson ​ကို ​ရှုံးနိမ့်ခဲ့တာ ​ဖြစ်ပါတယ်။

ဂျူဒို ​ကစားနည်းရဲ့ ​ဓလေ့အရ ​ပွဲအပြီးမှာ ​ခါးညွတ်ပြီး ​လက်ဆွဲနှုတ်ဆက် ​ရမှာ ​ဖြစ်ပေမယ့် ​အီဂျစ်အသင်းက ​မလုပ်ဆောင်တဲ့အတွက် ​အိုလံပစ် ​စည်းကမ်းစောင့်ကြည့်ရေး ​ကော်မရှင်က ​အားကစားသမား ​မပီသဘူးဆိုပြီး ​အီဂျစ်ကစားသမားကို ​အိမ်ပြန်ခိုင်းလိုက်တာ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ