ရွှေလှေချောင်း ကျေးရွာအတွင်း မြစ်ကမ်းပါး ဆက်လက် ပြိုကျ


တွံတေး၊ သြဂုတ် ၂၀

ရန်ကုန် တိုင်းဒေသကြီး၊ ရန်ကုန် တောင်ပိုင်းခရိုင်၊ တွံတေးမြို့ နယ် ရွှေလှေချောင်(တွံ) ကျေးရွာအုပ်စု၊ ရွှေလှေချောင် ကျေးရွာတွင် တိုးမြစ်၊ မအူပင်မြစ်နှင့် တွံတေး တူးမြောင်း မြစ်(၃) ဆိုင်ဆုံရာ နေရာ တွင် ရေစွယ် ထိုးမှုကြောင့် မြစ်ကမ်းပါး သြဂုတ် ၁၉ ရက်အထိ ဆက်လက် ပြိုကျမှု ဖြစ်ပွား ခဲ့ကြောင်း သိရသည်။


အဆိုပါ ကျေးရွာတွင် ကမ်းပါးပြိုကျနိုင်သည့် ဦးအောင်ဇော်ဦးပါ အိမ်ခြေ (၁၃)လုံး အနက်မှ ဦးအေးမင်း၏ နေအိမ်အား သြဂုတ် (၁၇)ရက်နေ့တွင် ဖျက်သိမ်းခဲ့ပြီး သြဂုတ် (၁၉) ရက် နံနက်ပိုင်းတွင် ကမ်းပါး ဆက်လက် ပြိုကျမှုကြောင့် ယခင်ရွာလမ်းဟောင်း ကွန်ကရစ်ခင်း အလျား ၄ ပေ၊ အနံပေ ၁၀၀၀ ကျော်ခန့် အနက်ပေ ၂၀ ခန့် အရှည်မှာ ကမ်းပါး ထပ်မံပြိုကျမှုတွင် ပါသွားကြောင်းနှင့် အိမ်အား နေလည် ၁၄ နာရီမှ ၁၇ နာရီအချိန်ထိ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ အပါအ၀င် ရပ်မိ/ ရပ်ဖများ၊ ရွာသူ ရွာသားများ (၂၀) ဦးခန့် ၀ိုင်းဝန်း ကူညီဖျက်သိမ်း၍ ရွာအတွင်းပိုင်းနေ ဦးမောင်သူရ နေ အိမ်ခြံဝန်း အတွင်းသို့ ပြောင်းရွေ့ ကူညီ ဆောင်ရွက် ပေးထားကြောင်း သိရသည်။

မျိုးလှိုင် (တွံတေး)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/

ရွှေလှေချောင်း ကျေးရွာအတွင်း မြစ်ကမ်းပါး ဆက်လက် ပြိုကျ ရွှေလှေချောင်း ကျေးရွာအတွင်း မြစ်ကမ်းပါး ဆက်လက် ပြိုကျ Reviewed by THITHTOOLWIN on 18:21 Rating: 5
Powered by Blogger.