မြန်အောင်မြို့နယ် ရေကြီး


မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန် လာသောကြောင့် ရေကြီးနစ်မြုပ်လျက် ရှိသော ကျောင်းများ ယာယီပိတ်ထား


မြန်အောင် သြဂုတ် ၂

မြန်အောင်မြို့နယ်တွင် ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်လာသောကြောင့် သြဂုတ် ၂ ရက်နေ့မှစ၍ ရေကြီးနစ်မြုပ်လျက်ရှိသော ကျောင်းများ ယာယီ ပိတ်ထားကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရှိရသည်။


မြန်အောင်မြို့နယ် အတွင်းရှိ ဧရာဝတီမြစ်ကမ်းဘေး ကျေးရွာအုပ်စုများနှင့် ဧရာဝတီမြစ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများရှိ အ.လ.က(ခွဲ) ကျောင်း(၆)ကျောင်းနှင့် အ.မ.က ကျောင်း(၁၇)ကျောင်း စုစုပေါင်း (၂၃)ကျောင်းတွင် ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် ယာယီပိတ်ထားပြီး မြစ်ရေကျသွားပါက ကျောင်းများအမြန်ဆုံး ပြန်လည် ဖွင့်လှစ် နိုင်ရေးနှင့် ကျောင်းပိတ်ရက်များအတွက် အစားထိုး သင်ကြားသွားမည် ဖြစ်ကြောင်း မြို့နယ် ပညာ ရေးမှူးရုံးမှ သိရှိရသည်။

ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မြန်အောင်မြို့နယ် ရေကြီး  မြန်အောင်မြို့နယ် ရေကြီး Reviewed by THITHTOOLWIN on 21:26 Rating: 5
Powered by Blogger.