ကာမိုင်းမြို့နယ်မှာ ရွှေခိုးတူးနေရာကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား (၈)ဦး ဖမ်းမိ

ဖမ်းဆီးရမိသော တစ်ဖက်နိုင်ငံသား ရှစ်ဦးနှင့် မော်တော်ယာဉ် နှစ်စီးကို တွေ့ရစဉ် ဖမ်းဆီးရမိသော တစ်ဖက်နိုင်ငံသား ရှစ်ဦးနှင့် မော်တော်ယာဉ် နှစ်စီးကို တွေ့ရစဉ်
နေပြည်တော် သြဂုတ် ၆

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ ရှဒူဇွပ်နယ်မြေအတွင်း တပ်မတော် စစ်ကြောင်းများက ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၂ ရက်အထိ နယ်မြေ ရှင်းလင်း ဆောင်ရွက်စဉ်၊ တရားမဝင် တူးဖော်လျက်ရှိသည့် ရွှေဖောင်များ၊ ရွှေတူးဖော်ရာတွင်အသုံးပြုသည့် ယာဉ်ယန္တရားများနှင့် တစ်ဖက် နိုင်ငံသားများအား ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ တရားမဝင် တူးဖော်လျက်ရှိသည့် ရွှေဖောင်များမှ တစ်ဖက်နိုင်ငံသားများသည် ရှဒူဇွပ်မှ နမ္မတီးဘက်သို့ ထွက်ပြေး တိမ်းရှောင်လာကြောင်း သတင်းများအရ နယ်မြေခံ တပ်မတော်စစ်ကြောင်းက လေးမိုင်-မိုးကောင်း-နမ္မတီး လမ်းပေါ်တွင် လှည့်ကင်းများ ဆောင်ရွက်၍ ဖြတ်သန်း သွားလာလျက်ရှိသည့် မော်တော်ယာဉ် များအား ရှောင်တခင် စစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်စဉ် သြဂုတ် ၅ ရက် ည ၁ဝ နာရီ ၁ဝ မိနစ်ခန့်တွင် မရမ်ကထောင်မှ လေးမိုင်ဘက်သို့ ဦးတည်၍ ယာဉ်မောင်း ဦးကျော်ဦးနှင့် ဦးမောင်ဇော်တို့နှစ်ဦး မောင်းနှင် လာသည့် အေဒီဗင် အမျိုးအစား အဖြူရောင် ယာဉ်အမှတ် MDY/GG ------ နှင့် YAA/CC ----- တို့အား လေးမိုင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းရှေ့၌ ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် တစ်ဖက်နိုင်ငံသား လီယွန်၊ ဇန်ဆော်ဒေါင်၊ တန်ယုလင်၊ ချန်ဒုံလောင်၊ ဇန်ဆုံချောင်၊ ဝူယုလောင်၊ ကျိန်ချင်ချင်းနှင့် လင်လိစိန်တို့ စုစုပေါင်း ရှစ်ဦးအား ငွေကျပ်သိန်း ၂ဝဝ ကျော်၊ တရုတ်ယွမ်ငွေ ၇၅ဝဝ ကျော်၊ တက်ဘလက်တစ်လုံး၊ မိုဘိုင်းလ်ဖုန်း ရှစ်လုံးနှင့် တစ်ဖက်နိုင်ငံ အေတီအမ်ကတ် ၁ဝ ခု တို့နှင့်အတူ ဖမ်းဆီး ရမိခဲ့သည်။

ဖမ်းဆီးရမိ တစ်ဖက်နိုင်ငံသားရှစ်ဦး၊ ယာဉ်မောင်းနှစ်ဦး၊ မော်တော်ယာဉ်နှစ်စီး၊ ငွေနှင့် ပစ္စည်းများအား ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး မိုးကောင်းမြို့နယ် ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံပြီးဖြစ်ကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ကာမိုင်းမြို့နယ်မှာ ရွှေခိုးတူးနေရာကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား (၈)ဦး ဖမ်းမိ ကာမိုင်းမြို့နယ်မှာ ရွှေခိုးတူးနေရာကနေ ထွက်ပြေးလာတဲ့ တရုတ်နိုင်ငံသား (၈)ဦး ဖမ်းမိ Reviewed by THITHTOOLWIN on 20:20 Rating: 5
Powered by Blogger.