ဟိုပန်မြို့တွင် ငလျှင်လှုပ် မိုးသည်း ချောင်းရေလျှံ ဒေသခံ အိမ်ထောင်စု ၂၀၀ ကျော်ရေဘေးသင့်


သြဂတ်စ်လ ၁၇ ရက် ၂၀၁၆

သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်တွင် မိုးသည်းရေကြီးဒဏ်အပြင် ငလျင်လှုပ်ခတ်ခဲ့သဖြင့် ဒေသခံများ အိမ်ထောင်စု ၂၀၀ ကျော် ရေဘေးသင့်နေကြောင်းသိရသည်။

သြဂတ်စ်လ ၁၄ ရက်နေ့ နံနက် ၂ နာရီခွဲအချိန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သျှမ်းပြည်မြောက်ပိုင်း ဟိုပန်မြို့နယ်တွင် နမ့်တင်ချောင်းရေလျှံကာ ချောင်းတလျှောက်နေထိုင်သူ ဒေသခံများ ရေဘေးသင့်ခဲ့ကြ ကြောင်းသိရသည်။


ချောင်းရေ ရုတ်ချည်းတက်လာလို့ နေအိမ်တွေထဲရေ၀င်ကုန်တယ်။ ဒိုက်တွေ အမှိုက်တွေ နှုန်းတွေ အိမ်ထဲဝင်ကုန်တာ။ မိုးသည်းပါတယ်ဆိုနေမှာ ငလျင်လဲလှုပ်သေးတယ် အဲဒီနေ့က ၃ ခါတောင် လှုပ်တယ်။အရမ်းတော့မပြင်းဘူး - ဟု ဒေသခံ တဦးကပြောသည်။

ဟိုပန်ဒေသခံ စိုင်းအွမ်ကလည်း လက်ရှိတွင်ရေများပြန်ကျသွားပြီဖြစ်ကြောင်း၊ သို့သော် မြေစေးနှင့်နှုန်းများ အညစ်အကြေးများ ရှိနေသေးကြောင်း၊ မြို့ခံလူထုနှင့်ဒေသတွင်းအာဏာပိုင်များ စုပေါင်းရှင်းလင်းမှုပြု နေကြကြောင်းပြောဆိုပါသည်။


ရေဘေးသင့် အိမ်ထောင်စု ၂၀၀ ကျော်ကအခု နေထိုင်စားသောက်ဖို့အတွက် အခက်ကြုံနေရပါတယ်။ပြင်ပ ၊တခြားကအလှူရှင်တွေတော့မလာသေးဘူး။ ကူညီထောက်ပံ့မှုတွေလိုအပ်နေပါတယ်- ဟုပြောဆိုသည်။

ရေလွှမ်းမှုကြောင့် ထိခိုက်ဒဏ်ရာရမှုသေကြေမှုမရှိသော်လည်း နေအိမ် ကား ဆိုင်ကယ်နှင့် လုပ်ငန်းခွင်သုံးစက်ပစ္စည်းများ ဆုံးရှုံးမှုများပြားကြောင်း ဆိုပါသည်။


ချောင်းဖျားက တောင်တွေမှာ သစ်ပင်ကြီးတွေမရှိတော့ဘူး။ အဲတာကြောင့် မိုးနဲနဲသည်းရင် ချောင်းရေက ချက်ချင်းလျှံတက်လာတာ - ဟုစိုင်းအွမ်ကဆိုပါသည်။

လက်ရှိတွင်ချောင်းရေလျှံမှုကြောင့် နေအိမ်ရေလွှမ်းခြင်းခံရသည့်ရွာများမှာ မန်းကွန်းရွာ၊ နမ့်တီးရွာ ၊ ပန်းတိုင်းရွာ၊ ကောင်းဟုန်းရွာနှင့် ပေါက်ကတ်၊ ၀မ့်ခုန်၊ ပန်လုံအစရှိရွာများဖြစ်သည်။

၁၉၉၇ ခုနှစ်ကလည်း ဟိုပန်မြို့တွင် ထိုသို့သော မိုးရွာသွန်းမှုနှင့် ငလျင်လှုပ်ခတ်မှုတပြိုင်တည်းဖြစ်ပွါးခဲ့ သေးသည်။

၁၆ ရက်နေ့ကလည်း သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြိုခရိုင် အထူးဒေသ ၄ ထိန်းချုပ်နယ်မြေ မိုင်းလားမြို့တွင်လည်း ရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ