ကန်ပိုက်တည်မြို့နယ်အတွင်း တရားမ၀င် ကျောက်စိမ်းတုံးများအား ဖမ်းဆီးရမိ


နေပြည်တော် သြဂုတ် ၂၁

ကချင်ပြည်နယ်၊ ကန်ပိုက်တည်မြို့၊ အရှေ့ဘက် မီတာ ၅၀၀ ခန့်အကွာ ကန်ပိုက်တည် နယ်စပ် ကုန်သွယ် ရေးဂိတ် တွင် တပ်မတော်သားများနှင့် ဌာနဆိုင်ရာများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရှာဖွေစစ်ဆေးစဉ် သြဂုတ် ၂၀ ရက် ညနေ ၄ နာရီခန့်တွင် ဝေါခြုံဘက်မှ ယာဉ်မောင်း ဦးဒေါင်ခေါင်(ဘ)ဦးလွမ်းရှောင်မောင်းနှင်လာသော 5A/-----နီဆန်အမျိုးအစား အဖြူရောင်(လိုင်စင်မဲ့)ယာဉ် အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် ပီနံအိတ်ဖြင့် ထုပ်ထားသော တရားမ၀င် သယ်ဆောင်လာသည့် ကျောက်စိမ်းတုံး၁၉၁ တုံး(၂၄၂ ဒသမ ၉ ကီလိုဂရမ်ခန့်)အားဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသူနှင့် တရားမ၀င်ကျောက်စိမ်းတုံးများအား မြို့နယ်ရဲစခန်း(ကန်ပိုက်တည်)သို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia
ကန်ပိုက်တည်မြို့နယ်အတွင်း တရားမ၀င် ကျောက်စိမ်းတုံးများအား ဖမ်းဆီးရမိ  ကန်ပိုက်တည်မြို့နယ်အတွင်း တရားမ၀င် ကျောက်စိမ်းတုံးများအား ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 13:32 Rating: 5
Powered by Blogger.