မအူပင်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ် လုယက်သူတစ်ဦး ဖမ်းဆီးရမိ


မအူပင် ၊ သြဂုတ် ၂၂

မအူပင်မြို့နယ် ၊ အောင်ဟိတ်ကျေးရွာအုပ်စု ၊ ချောင်းဖျားကြီးကျေးရွာဘက်တွင် ယနေ့(၂၂-၈-၂၀၁၆) နံနက် ၀၉း၃၀အချိန်ခန့်က ဆွဲကြိုးဖြတ်လုယက်ပြီး မအူပင်မြို့ပေါ်ဘက်သို့ ရေလဲလမ်းမကြီးအတိုင်း ဆိုင်ကယ်ဖြင့်မောင်းပြေးရာ အောင်ဟိတ်ကျေးရွာအုပ်စု ၊ အင်းမကျေးရွာ "ငွေစိုး"ဆန်စက်အနီး ဆိုင်ကယ်ဘီးပေါက်သဖြင့် အနောက်မှ လိုက်လာသော ချောင်းဖျားကြီးကျေးရွာသားများက ဝိုင်းဝန်း ဖမ်းမိသောကြောင့် မအူပင်မြို့မရဲစခန်းသို့ ဆက်သွယ်အကြောင်းကြားကာ လွှဲပြောင်းပေးလိုက်ကြောင်း ကနဦး သတင်းရရှိပါသည် ။


 ပြစ်မှုကျူးလွန်သူဟု ယူဆရသူသည် မအူပင်မြို့နယ် ၊ ကျွဲဒုံးကျေးရွာဘက်တွင် နေထိုင်သူ တစ်ဦးဖြစ်ကြောင်း နှင့် ပြစ်မှုကျူးလွန်စဉ် စီးနင်းအသုံးပြုသည့် ဆိုင်ကယ်သည် သော့လည်းမပါဘဲ ၎င်းပိုင်ဆိုင်သော ဆိုင်ကယ် မဟုတ်ကြောင်း အကြမ်းဖျဉ်းသိရသည် ။

Photo : AZO
 မအူပင်သတင်းပုံရိပ်
မအူပင်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ် လုယက်သူတစ်ဦး ဖမ်းဆီးရမိ  မအူပင်မြို့နယ်တွင် ဆိုင်ကယ်ဖြင့် ဆွဲကြိုးဖြတ် လုယက်သူတစ်ဦး ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 12:29 Rating: 5
Powered by Blogger.