ဗဟန်းမြို့နယ်တွင် (၁၀၇)ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အား တိုက်မိခဲ့ရာ လူတစ်ဦးဒဏ်ရာရ


ရန်ကုန် သြဂုတ် ၁၈

ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်တွင် ယနေ့ နေ့လယ်(၂း၃၀) အချိန်ခန့်က ရွှေဂုံတိုင် မီးပွိုင့်မှ တာမွေ အဝိုင်းထိပ်သို့ ရွှေဂုံတိုင်လမ်းအတိုင်း ယာဉ်မောင်း(စုံစမ်းဆဲ)မောင်းနှင်ပြီး ယာဉ်နောက်လိုက်(စုံစမ်းဆဲ) လိုက်ပါလာသော 5I ------ (၁၀၇)ခရီးသည်တင်ယာဉ်မှာ ငါးထပ်ကြီးဘုရားဝင်းအနား အရောက်တွင် အနီးရှိဓာတ်တိုင်အား အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မှု ဖြစ်ပွားခဲ့သည်။


အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် (၁၀၇)ခရီးသည်တင်ယာဉ်၏ ရှေ့ဦးခေါင်းပိုင်းမှာ ကြေမွပျက်စီးခဲ့ပြီး ဓာတ်တိုင်ကျိုးကျကာ ဓာတ်ကြိုးနှင့် ဖုန်းလိုင်းများပြတ်ကျခဲ့ပြီး ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဗဟန်း ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ဗဟန်းမြို့နယ်တွင် (၁၀၇)ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အား တိုက်မိခဲ့ရာ လူတစ်ဦးဒဏ်ရာရ  ဗဟန်းမြို့နယ်တွင် (၁၀၇)ခရီးသည်တင်ယာဉ် အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်အား တိုက်မိခဲ့ရာ လူတစ်ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:09 Rating: 5
Powered by Blogger.