မွေးကင်းစကလေးငယ်တွေ ရောင်းချနေမှုအပေါ် တိုက်ဖျက်တဲ့အနေနဲ့ ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့က ဆေးရုံဝန်ထမ်းအများအပြားကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ BBC သတင်း မှာဖော်ပြထားပါတယ်။
မွေးကင်းစ ကလေးငယ်တွေကို ရောင်းချတဲ့ ဂိုဏ်းဟာ မွေးဖွားလာတဲ့ ကလေးငယ်တွေ ကို ဆေးရုံတွေ၊ သားဖွားဆေးခန်းတွေမှာ မွေးဖွားရင်းသေဆုံး ခဲ့ကြတဲ့ ကလေးတွေရဲ့ အလောင်းနဲ့ လဲလှယ်ကြပါတယ်။
အဲ့ဒီနောက် မှာတော့ မွေးကင်းစကလေးငယ်တွေရဲ့ မိဘတွေကို ကလေးတွေ သေဆုံးပြီဖြစ်တယ်လို့ လိမ်လည် ပြောကြားခဲ့ကြောင်း ရဲတပ်ဖွဲ့က BBC သတင်းဌာနကို ပြောပါတယ်။
အဲ့ဒီဂိုဏ်းဟာမွေးကင်းစ ကလေးတစ်ဦးကို ရူပီး(၇)သောင်းကနေ (၃)သိန်းကြား ရောင်းချကြတယ်လို့ သတင်းမှာဖော်ပြထားပါတယ်။
5 Plus News
https://www.facebook.com/5plusnews
ပါကစ္စတန်မှာ မွေးကင်းစကလေးငယ်တွေကို ရောင်းချတဲ့ ဂိုဏ်းတစ်ဖွဲ့ကို ဖမ်းဆီး
Reviewed by THITHTOOLWIN
on
19:03
Rating: