နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား တွေ့ဆုံ
နေပြည်တော် သြဂုတ် ၂၂
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေးရာဝန်ကြီး မစ္စဆူရှမာ ဆွာရာ့ရ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ (၃) နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့် ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံပညာရေး၊ ကျန်းမာရေးနှင့် ကုန်သွယ်ရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ဒုတိယ၀န်ကြီး ဦးကျော်တင်၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Myanmar State Counsellor Office
https://www.facebook.com/state.counsellor/
အိန္ဒိယ - မြန်မာ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး
Reviewed by THITHTOOLWIN
on
17:42
Rating:
