ကူးတိုးလှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄)ဦးအား ဆက်လက်ရှာဖွေလျက်ရှိ


Augest,19/DNJ

ရသေ့တောင်မြို့နယ် ၊ဈေးကုန်းတန်း ကျေးရွာမှ ရန်အောင်ပြင်ကျေးရွာ အထက်တန်းကျောင်းသို့ ကျောင်းတက်ရန် စီးနင်းလိုက်ပါလာသည့် ကူးတို့လှေတစ်စီးနစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄) ဦးကို ဒေသခံများနှင့် ကယ်ဆည်ရေးအဖွဲ့များက လက်ရှိအချိန်ထိရှာဖွေ လျက်ရှိကြောင်းသိရသည်။

အဆိုပါ ပျောက်ဆုံးနေသော ကျောင်းသူ(၄)ဦးအား ကယ်ဆယ်အဖွဲ့များ၊ဒေသခံများ၊ရသေ့တောင်မြို့ နယ် ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်းများ က စက်လှေ(၃၀)ခန့်ဖြင့် ရှာဖွေလျက်ရှိကြောင်း သိရသည်။

“ကျောင်းသူလေးယောက်ပျောက်ဆုံးနေပါသေးတယ်။အနီးအနားရွာတွေက လှေ(၃၀)ခန့်လောက်က တော့ ရှာဖွေနေပါတယ်။အဓိက အဲဒီကူးတို့လှေမြှပ်ရတာကကူးတို့လှေကသေးငယ်ပါတယ်။ ကျောင်းသား၊ကျောင်းသူတွေကလည်း ပုံမှန် ထက်တင်ဆောင်လာတာများလို့ပါ။ခုတော့ ပြည်နည်အစိုးရအဖွဲ့တွေကလည်းကွင်းဆင်းစစ်ဆေးဖို့ လာရောက်လို့ရှိနေပါတယ်။”ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှ ယ် ဦးသန်းနိုင်ကပြောသည်။


စက်လှေမြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄) ဦး၏မိသားစုဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲမှ ငွေကျပ်(၃)သိန်း၊ပညာရေးဌာနမှကျပ်(၁)သိန်း၊ လူ/ကယ်ပြန်ဌာနမှ ကျပ် (၁)သိန်း စုစုပေါင်း ငွေကျပ်(၅)သိန်းစီအား ထောက်ပံ့ခဲ့ကြောင်းသိရသည်။

အဆိုပါ ကူးတို့လှေမြှပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄)ဦးမှာ ရသေ့တောင်မြို့နယ်၊ ကျောက်စာတိုင်ကျေးရွာမှဖြစ်ပြီး မတင်ဦး-နဝမတန်း(ဘ)ဦးစိန်ယဉ်မောင်၊မနီနီအေး-သတ္တမတန်း(ဘ) ဦးစိန်ယာဉ်မောင်၊မခိုင်ဖြိုးဝေ-ပဉ္စမတန်း(ဘ)ဦးမောင်သန်းတင်၊မတင်မေဦး-ပဉ္စမတန်း(ဘ)ဦးအောင် ကျော်မိုးတို့ဖြစ်ကြောင်းသိရသည်။

ဓါတ်ပုံ - FB
Development Media Group
https://www.facebook.com/DevelopmentNJ/
ကူးတိုးလှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄)ဦးအား ဆက်လက်ရှာဖွေလျက်ရှိ  ကူးတိုးလှေ နစ်မြုပ်မှုကြောင့် ပျောက်ဆုံးနေသော ကျောင်းသူ(၄)ဦးအား ဆက်လက်ရှာဖွေလျက်ရှိ Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.