မိတ္ထီလာ ဩဂုတ် ၂၆
မိတ္ထီလာမြောက်ကန် ဓမ္မသုခကန်ဦးစေတီ အနောက်ဘက်ကပ်လျက် ရေကျော်အနီးမှ ယနေ့နံနက် ၁၀ နာရီခန့်က ရန်မျိုးအောင်ရပ်ကွက် နယ်မြေ ၁၁ နေ ထွန်းဝင်းလှိုင် (၁၇ နှစ်)၊ ဆန်းလွင်ဦး(၁၆ နှစ်)နှင့် မောင်အောင်ထွေး(၁၆ နှစ်)တို့သည် မြောက်ကန် အတွင်း ရေဆင်းဆော့စဉ် ကန်အောက်မှ ပလတ်စတစ် အိတ်အနက်ဖြင့် ထုပ်ထားသည့် လက်ပစ်ဗုံးတစ်လုံးနှင့် ကျည်ဆန်အတောင့် ၁၀၀ တွေ့ရှိသဖြင့် ဂေါပက အဖွဲ့သို့အပ်နှံ ကြောင်း သိရသည်။
မိတ္ထီလာမြောက်ကန်အတွင်းမှ တွေ့ရှိသော လက်ပစ်ဗုံးနှင့် ကျည်ဆန်များအားမိတ္ထီလာခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦး၊ မိတ္ထီလာမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး မောင်ရွှေ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်မှ တာဝန်ရှိသူများက တွေ့ရှိသောလက်ပစ်ဗုံးနှင့် ကျည်ဆန်တို့အား နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းသိရသည်။
တင်လှိုင်(မိတ္ထီလာ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
မိတ္ထီလာကန်စပ်မှ လက်ပစ်ဗုံးတစ်လုံးနှင့် ရိုင်ဖယ်ကျည်ဆန် အတောင့် ၁၀၀ တွေ့ရှိ
Reviewed by THITHTOOLWIN
on
13:00
Rating:
