ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာတွင် ဘိန်းစာမှုန့်အထုပ်(၁၀၀)ဖမ်းဆီးရမိ


ကျွန်းစု သြဂုတ် ၈ ရက်

ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာအုပ်စု၊ မဲတောကျေးရွာတွင် သြဂုတ်လ(၈)ရက်နေ့ ညနေ(၃)နာရီ အချိန့်က မဲတောကျေးရွာမှ ကံမော်ကျေးရွာအုပ်စု၊ တောကာကျေးရွာသို့သွားရန်ပြင်ဆင်နေသော စက်လှေ ပေါ်တွင် ဘိန်းစာမှုန့်ဟုယူဆရသော စိမ်းဝါရောင်အမှုန့်ထုပ်(၁၀၀)အား ကံမော်နယ်မြေရဲစခန်း အုတ်ဖိုမော်ရဲ ကင်းမှူးနှင့်အဖွဲ့များ၊ မဲတောကျေးရွာဆယ်အိမ်မှူးနှင့်ရပ်မိ/ရပ်ဖများတို့ပူးပေါင်းအဖွဲ့များက ဖမ်းဆီးရမိခဲ့ကြောင်း ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။


အဆိုပါဖြစ်စဉ်မှာ အုတ်ဖိုမော်ရဲကင်းမှူး တပ်ကြပ်ကြီး အောင်ဝင်းဦးနှင့်အဖွဲ့သည် မဲတောကျေးရွာ ဆယ်အိမ်မှူး ဦးခင်မောင်စိုးနှင့် ရပ်မိ/ရပ်ဖများနှင့်အတူ မူးယစ်ဆေးဝါးသတင်းအရ မဲတောကျေးရွာမှ တောကောကျေးရွာသို့ စက်လှေဖြင့်ထွက်ခွာရန်ပြင်ဆင်နေသော အလျား(၂၇)ပေ၊ အနံ(၄)ပေ၊ ရေစူး(၂)ပေ၊ တရုတ်စက်(၁၀)ကောင် အင်ဂျင်တပ် လှေတစ်စီးအားခေါ်ယူစစ်ဆေးရာ လှေပိုင်ရှင်မှာ ကံမော်ကျေးရွာအုပ်စု၊ တောကာကျေးရွာနေ အဘ ဦးအုန်းကြွယ်၏သား ကိုသန်းထိုက် အသက်(၄၀)နှစ်ဖြစ်ပြီး ၎င်းစက်လှေအားရှာဖွေ စစ်ဆေးကြရာ လှေ၏အလယ်ပိုင်းတွင်ထားရှိသော ပလပ်စတစ်ဆွဲခြင်း(နီဝါပြာကျား)အတွင်းမှ ဆာလာအိတ် ဖြင့်ထည့်လျက် (၁)ထုပ်လျှင်(၆၀)ဂရမ်ခန့်ပါ ဘိန်းစာမှုန့်ဟုယူဆရသော စိမ်းဝါရောင်အမှုန့်ထုပ်(၁၀၀)အား တွေ့ရှိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းဆောင်ရွက်ခဲ့ပြီး ကိုသန်းထိုက်အား ကံမော်နယ်မြေရဲစခန်းမှ ဥပဒေအရ အရေးယူဆောင်ရွက်လျက်ရှိကြောင်း ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

Iprd Kyunsu
https://www.facebook.com/iprd.kyunsu

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ