ဒုရဲအုပ်အဆင့်ဖြင့် နုတ်ထွက်ထားသူတစ်ဦး အပါအဝင် မိသားစုလေးဦး ဓားဖြင့်ခုတ်သတ်ခံရမှုဖြစ်ပွား

ဓါတ်ပုံ  - Htin Lin Aung
ရန်ကုန် သြဂုတ် ၂ဝ

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့၌ ဒုရဲအုပ်အဆင့်ဖြင့်နုတ်ထွက်ထားသူ တစ်ဦးအပါအဝင် မိသားစုလေးဦးစလုံးအား ဓားဖြင့်ခုတ်သတ်ခံရမှုတစ်ခု ယမန်နေ့က ဖြစ်ပွားခဲ့ကြောင်း ထောက်ကြန့်နယ်မြေရဲစခန်းမှ သိရသည်။

မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် မြို့ ရွှေနံ့သာကျေးရွာအုပ်စု ပတ္တ မြားမြို့သစ် ကျူးကျော်ကွက်သစ် မြအေးချမ်းလမ်းသွယ်တွင် နေထိုင် သော ဦးစိုးနောင်(၃၇နှစ်(ရတမ-၈မှ ဒုရဲအုပ်အဆင့်ဖြင့် နုတ်ထွက် ထားသူ)နှင့်သားအကြီးဖြစ်သူ ဟန်သူရ(၁၃နှစ်)ရှစ်တန်းတို့မှာ နေအိမ်ရှေ့ဧည့်ခန်းတွင်လည်း ကောင်း၊ ဇနီးမချယ်ရီပွင့်(၃၃နှစ်)မှာ မီးဖိုချောင်တွင်လည်းကောင်း၊ သားငယ်ဖြစ်သူ စွမ်းထက်မြက် (ကိုးနှစ်) သုံးတန်းကို ၄င်း၏အိပ် ရာထဲ၌လည်းကောင်း ဓားဒဏ်ရာ များနှင့် သေဆုံးနေသည်ကို ယနေ့ နံနက်တွင် သေဆုံးသူများနှင့် အတူနေ မိခင်ဖြစ်သူက တွေ့ရှိခဲ့ ရခြင်းဖြစ်ကြောင်း ရဲမှတ်တမ်း များအရ သိရသည်။

''သေဆုံးသူရဲ့ မိခင်က အခင်းဖြစ်တဲ့ညက ဆွေမျိုးတွေ အိမ်သွားနေတာ၊ နံနက်ပြန်လာ တော့ အိမ်ရှေ့တံခါးဖွင့်မရတာနဲ့ ပြတင်းပေါက်က ကျော်ဝင်တော့ ခုလို ဓားဒဏ်ရာတွေနဲ့ သေဆုံးနေ တာကို တွေ့ရတယ်။ လောလော ဆယ်တော့ တရားခံ ဖမ်းဆီးရမိ ရေးဆောင်ရွက်နေတယ်။ ဘာ ကြောင့် အသတ်ခံရတယ်ဆိုတာ တော့ မပြောနိုင်သေးပါဘူး''ဟု ထောက်ကြန့်နယ်မြေရဲစခန်းမှ တာဝန်ကျရဲအရာရှိက ပြောသည်။

အမှုနှင့်ပတ်သက်၍ တရားခံ ဖမ်းဆီးရမိရေးအတွက် ထောက် ကြန့်နယ်မြေရဲစခန်းမှ (ပ)၅ဝ၃/ ၁၆၊ ရာဇသတ်ကြီးပုဒ်မ(၃ဝ၂)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကိုဟိန်း၊ မြင့်ဦး
The Union Daily
https://www.facebook.com/uniondaily.net
ဒုရဲအုပ်အဆင့်ဖြင့် နုတ်ထွက်ထားသူတစ်ဦး အပါအဝင် မိသားစုလေးဦး ဓားဖြင့်ခုတ်သတ်ခံရမှုဖြစ်ပွား  ဒုရဲအုပ်အဆင့်ဖြင့် နုတ်ထွက်ထားသူတစ်ဦး အပါအဝင် မိသားစုလေးဦး ဓားဖြင့်ခုတ်သတ်ခံရမှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.