ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာ ၊ ၁၈ မိုင်တွင် မီးလောင်မှုကြောင့် လူတစ်ဦးသေဆုံး


ကော့သောင်း ၊ သြဂုတ်လ ၁၂ ရက်

ကော့သောင်းမြို့ ဘန်းကချွန်ကျေးရွာအုပ်စု ၁၈ မိုင်ရှိ BROTHER INTERNATIONAL TRADING CO,LTD ဆီအုန်းဆီကြမ်းစက်ရုံရှိ အလုပ်သမားတန်းလျှား အဆောင် ၂ လုံး သြဂုတ်လ ၁၀ရက်နေက ညပိုင်း က မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အလုပ်သမားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။


အဆိုပါတန်း လျှားများ မှာ (အလျှား ၅၀ ပေ အနံ ၁၅ ပေ သွပ်မိုး ၀ါးထရံကာ ပျဉ်ခင်း) အဆောက်အဦဖြစ်ပြီး ဆောက်အဦး တစ် ခုစီတွင် ဆီအုန်းလုပ်သား ၆ ဦး ခန့်နေထိုင် ကြပြီး မီးလောင်ကျွမ်းမှုကြောင့် တန်းလျှားအမှတ် A တွင်နေထိုင်သူ ဦးအောင်ကျော်ဦး ၄၅ နှစ်(ဘ) ဦးကျော် ဟန် အထွေထွေလုပ် သားဖြစ်သူမှာ မီးလောင်ကျွမ်းသေဆုံးရခြင်းဖြစ်သည်။


အခင်းဖြစ်နေရာသို့ မြို့နယ်နယ်ရဲတပ်ဖွဲ့မှူး၊ စခန်းမှူး၊ နယ်ထိန်းအဖွဲ့ နှင့် မီးသတ်ဦးစီးမှူးအဖွဲ့မှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူဦးအောင်ကျော်ဦး သည် အခင်းဖြစ်နေ့က လျှပ်စစ်မီးပိတ်သည့် ချိန်အထိမအိပ်သေးဘဲ ဖရောင်းတိုင်မီးထွန်းကာတစ်ဦးတည်းအရက်သောက်နေကြောင်းနှင့် တစ်ရက်လျှင်အရက် ၃ ပုလင်းခန့်သောက် သုံးကြောင်း ညပိုင်း ၁၁ နာရီကျော်အချိန်ခန့်တွင် ဦးအောင်ကျော်ဦး အခန်းဘက်မှမီးစတင် လောင်ကျွမ်း ခဲ့ပြီး အခြားအခန်းများသို့ဆက်လက် ကူးစက်လောင်ကျွမ်းသ ဖြင့်ထွက်ပြေးခဲ့ကြရကြောင်း မီးမှာအရှိန်ပြင်းစွာလောင် ကျွမ်းခဲ့ပြီး မီးလောင်ချိန် ၁ နာရီဝန်းကျင်ခန့်ကြာမြင့်ခဲ့ ကြောင်း အခင်းဖြစ်တန်းလျှားတွင်နေထိုင်သူများ၏ ပြောပြချက်အရသိရှိရပြီး မီးလောင်ကျွမ်းမှုကြောင့်ဆုံး ရှုံးမှုတန်ဖိုး ၁၀ သိန်းကျော်ခန့်ရှိပြီး မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ ကော့သောင်းရဲစခန်း တွင်အမှုဖွင့်စစ်ဆေး လျှက်ရှိကြောင်းသိရှိရသည်။

ကော့သောင်းခရိုင် ပြန်/ဆက်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ