မန္တလေး သြဂုတ် ၁၈
မန္တလေး တိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်နှင့် ချမ်းမြသာစည် မြို့နယ် ကြားရှိ မန္တလေး- ပြင်ဦးလွင်- လားရှိုး ရထားသံလမ်း ပန်းရံတော် ချောင်းကူး တံတား (အကျယ်ပေ ၅၀ ရှိ တံတားအမှတ်-၉) ချောင်းရေ တိုက်စားမှုကြောင့် သြဂုတ် ၁၇ ရက် မွန်းလွဲ ၃ နာရီ ခန့်က ကျိုးကျခဲ့ကြောင်း သိရသည်။
"ပန်းရံတော် ချောင်းကူးတံတား ရထားသံလမ်း တံတား အမှတ်(၉) ပါ၊ မန္တလေး- ပြင်ဦးလွင်- လားရှိုး ရထားသံလမ်း ချောင်းကူး တံတားလေ၊ မနေ့ ညနေ ၃ နာရီ ၀န်းကျင်က ချောင်းရေ တိုက်စားလို့ ကျိုးကျတာပါ၊ သက်ဆိုင်ရာ တာဝန် ရှိသူတွေကတော့ လာရောက် ပြုပြင်နေပါပြီ’’ ဟု (ဗ) ရပ်ကွက် မှ ဒေသခံ ပြည်သူတစ်ဦးက ပြောပြသည်။
အဆိုပါ ရထား သံလမ်း အသုံးပြု၍ သွားလာနေသော ခရီးစဉ်များ ရပ်နားထား ရပြီး ခရီးစဉ်များ အချိန်မီ ပြေးဆွဲနိုင်ရေး တာဝန်ရှိသူများက ပြင်ဆင်လျက် ရှိကြောင်း သိရသည်။
သန်းဇော်မင်း (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar