ကြာပန်းဟိုတယ်မှာ မာကျောက်ဝိုင်း ဖမ်းမိ

လုပ်ငန်းဗီဇာဖြင့် လာရောက်တည်းခိုပြီး လောင်းကစားမှု ပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး။ ဓါတ်ပုံ - ရဲဇာနည်
နေပြည်တော်၊ ဩဂုတ် ၁၅

၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်နေ့ နံနက် ၁ နာရီခန့်တွင် လှိုင်သာယာမြို့နယ်၊ မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်သက်ခိုင်နှင့်အဖွဲ့သည် သက်သေများနှင့်အတူ လှိုင်သာယာမြို့၊ (၆)ရပ်ကွက်၊ ပီမိုးနင်းလမ်း၊ အမှတ်(၁၈၁၅)ရှိ ကြာပန်းဟိုတယ်သို့ သတင်းအရ ဝင်ရောက် ရှာဖွေခဲ့ ကြောင်း သိရပါသည်။

ထိုသို့  ရှာဖွေစဉ် မခင်သူဇာ(၂၁)နှစ်(ဖ)ဦးသန်းစိန်(ဟိုတယ်မန်နေဂျာ)နှင့် လုပ်ငန်းဗီဇာဖြင့် လာရောက် တည်းခိုနေသူ လျှူဝီကောင်း(၃၈)နှစ်(ဖ)လူဇင်းနန် ပါ တရုတ်နိုင်ငံသား(၄)ဦးတို့အား မာကျောက် လောင်းကစားရာတွင်အသုံးပြုသော ပစ္စည်းများ၊ လောင်းကြေးငွေ(၁,၁၀၇,၂၅၀)ကျပ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

 ဟိုတယ်မန်နေဂျာ မခင်သူဇာနှင့် တရုတ်နိုင်ငံသား လျှူဝီကောင်း ပါ(၄)ဦးတို့အား လှိုင်သာယာမြို့မရဲစခန်း(ပ)၁၇၃၂/၂၀၁၆၊ လောင်းကစားဥပဒေပုဒ်မ ၁၃(က)/၁၄(က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

by သစ်ထူးလွင်

ကြာပန်းဟိုတယ်မှာ မာကျောက်ဝိုင်း ဖမ်းမိ  ကြာပန်းဟိုတယ်မှာ မာကျောက်ဝိုင်း ဖမ်းမိ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.