ရုရှားအကြမ်းဖက်ဝါဒ တန်ပြန်စစ်ဆင်ရေးအတွင်း စစ်သွေးကြွတွေကို သုတ်သင်


ရုရှားနိုင်ငံ၊ စိန့်ပီတာစ်ဘာ့မြို့က တိုက်ခန်းတွဲတစ်ခုကို ရုရှားအထူးတပ်ဖွဲ့တွေ ၀င်ရောက်စီးနင်းခဲ့ပြီး ပစ်ခတ်မှုအတွင်း စစ်သွေးကြွလို့ သံသယရှိသူ(၄)ဦးသေဆုံး ခဲ့ပါတယ်။

 လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု တသီတတန်းကြီး ပြုလုပ်ခဲ့မှုနဲ့ ဆက်စပ်ပြီး အမျိုးသား(၃)ဦး ထက်မနည်းကို အလိုရှိနေခဲ့တာဖြစ်တယ်လို့ ရုရှားအကြမ်းဖက်ဝါဒ တန်ပြန်ရေးကော်မတီကပြောပါတယ်။

အဲဒီလူတွေကို လက်နက်ချဖို့ အမိန့်ပေးခဲ့ပေမယ့် သူတို့တွေက ပစ်ခတ်ခဲ့တာကြောင့် ပစ်သတ်လိုက်တာဖြစ်တယ်လို့ တရားထုတ်ပြန်ချက်တစ်ခု အရသိရပါတယ်။

 ရုရှားနိုင်ငံဟာ မြောက်ကော်ကေးဆပ်မှာ အစွန်းရောက်ဝါဒကို ကာလရှည်ကြာကတည်းက တိုက်ဖျက်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အစ္စလာမ်မစ်စစ်သွေးကြွလို့ သံသယရှိသူတွေကို စိန့်ပီတာစ်ဘာ့မှာ စီးနင်း တိုက်ခိုက်မှုပြုလုပ်ခဲ့တာကတော့ ရှားရှားပါးပါးဖြစ်တယ်လို့ BBC သတင်းဌာနရဲ့မော်စကိုသတင်းထောက် Sarah Rainsford(ဆာရာရိန်းစ်ဖို့ဒ်)က ပြောကြားခဲ့ကြောင်း BBC သတင်းမှာဖော်ပြ ထားပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ရုရှားအကြမ်းဖက်ဝါဒ တန်ပြန်စစ်ဆင်ရေးအတွင်း စစ်သွေးကြွတွေကို သုတ်သင်  ရုရှားအကြမ်းဖက်ဝါဒ တန်ပြန်စစ်ဆင်ရေးအတွင်း စစ်သွေးကြွတွေကို သုတ်သင် Reviewed by THITHTOOLWIN on 14:30 Rating: 5
Powered by Blogger.