လက်နက်မှုဖြင့် တရားစွဲခံထားရပြီး ထွက်ပြေးလာသူတစ်ဦးကို ခလယ်ရွာ၌ ဖမ်းဆီးရမိ


သြဂုတ် ၈ရက်၊ ၂၀၁၆ခုနှစ်။ စောမြတ်ဦးသာ

လက်နက်မှုဖြင့် တရားစွဲဆိုခံထားရပြီး ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်-တံခွန်တိုင်တိုက်နယ်၊ ခလယ်ရွာသို့ ထွက်ပြေးတိမ်း ရှောင်လာသော ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် နေထိုင်သူတစ်ဦးကို သြဂုတ်လ (၇)ရက်နေ့က တံခွန် တိုင်ရဲစခန်းမှ သွားရောက်ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

အင်္ဂပူမြို့နယ် ကျို့ပင်(၄)ရပ်ကွက်တွင် နေထိုင်သူ အောင်နိုင်စိုး အသက်(၁၉)နှစ်သည် ပြီးခဲ့သည့် ဇူလိုင်လက ပ/၄(၂၀၁၆) လက်နက်အက်ဥပဒေ ပုဒ်မ(၁၉/င)အရ အင်္ဂပူမြို့နယ် ထူးကြီးရဲစခန်းမှ အမှုဖွင့် တိုင်ကြားထားပြီး မြို့နယ်တရားရုံးက အာမခံ ကတိခံဝန်ချက်ပေးထားမှုကို ဖောက်ဖျက်ကာ ခလယ်ကျေးရွာ ရပ်ကွက်(၂)မှ စောဆန်းဝင်း၏ နေအိမ်ခြံဝင်းထဲတွင် ထွက်ပြေး တိမ်းရှောင်နေထိုင်စဉ် ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု တံခွန်တိုင်ရဲစခန်းမှ စခန်းမှူး စောအောင်ဝင်းထိုက်က ပြောသည်။

၎င်းက “ထူးကြီးရဲစခန်းကနေ တရားခံတစ်ယောက် ထွက်ပြေးလာတယ်ဆိုပြီး ဆက်သွယ်လာတယ်။ အဲဒါနဲ့ တရားခံက ခလယ် ရွာမှာ ပုန်းအောင်းနေတယ်ဆိုပြီး သတင်းရရချင်း ကျေးရွာအုပ်ချုပ်ရေးမှူးတွေနဲ့ သွားရောက်ဖမ်းဆီးတယ်”ဟု သြဂုတ်လ ၈ရက် (ယနေ့)က ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့် လက်နက်မှုဖြင့် ထွက်ပြေးတိမ်းရှောင်လာသူကို အင်္ဂပူမြို့နယ်၊ ထူးကြီးရဲစခန်းလက်ထဲသို့ ပြန်လည် လွှဲ ပြောင်းပေးရန် စီစဉ်နေသည်ဟုလည်း တံခွန်တိုင်ရဲစခန်း၏ ပြောပြချက်အရ သိရသည်။

ခလယ်-တံခွန်တိုင်တိုက်နယ် ၀င်းရော်ဒေသအတွင်း ဧရာဝတီတိုင်းဒေသကြီး အပါအ၀င် အထက်မြန်မာပြည်၊ အောက်မြန်မာ ပြည်မှ ရာဘာခြံ၊ တောင်ပေါ်ခြံနှင့် ခြံစောင့်အလုပ်များကို လာရောက်အလုပ်လုပ်ကိုင်ကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ဦးရေ တစ်ထောင်ခန့်ရှိပြီး ယခုလို လက်နက်မှုဖြင့် တရားစွဲဆိုခံရပြီး ထွက်ပြေးလာသူကို ဖမ်းဆီးရမိခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်သည်ဟု သိရသည်။

 စောမြတ်ဦးသာ
ကေအိုင်စီ
http://kicnews.org/
လက်နက်မှုဖြင့် တရားစွဲခံထားရပြီး ထွက်ပြေးလာသူတစ်ဦးကို ခလယ်ရွာ၌ ဖမ်းဆီးရမိ  လက်နက်မှုဖြင့် တရားစွဲခံထားရပြီး ထွက်ပြေးလာသူတစ်ဦးကို ခလယ်ရွာ၌ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 17:41 Rating: 5
Powered by Blogger.