ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအား အလျင်စလို မပြုပြင်ဘဲ သေချာ စီမံရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မှာကြား

ပုဂံသို့ ရောက်ရှိလာသည့် နိုင်ငံတော် သမ္မတ ဦးထင်ကျော်နှင့် အဖွဲ့ အား တွေ့ ရစဉ်(ဓာတ်ပုံ-U Zaw Htay)
    ရန်ကုန် ၊ သြဂုတ် ၂၅ ရက်(ဆင်ဟွာ)

    ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သော ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုး ၁၈၇ ဆူကို အလျင်စလို မပြုပြင်ဘဲ ယူနက်စကို၏နည်းပညာ အကူအညီဖြင့် လုပ်ငန်း အစီအစဉ်များ Work Plan ပြုလုပ်၍ သေချာစီမံရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မှာကြားထားကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သတင်းရရှိသည်။

ယခုအခါတွင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ပြည်ထဲရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးနှင့် ဆောက်လုပ်ရေးဝန်ကြီးတို့ လိုက်ပါလျက် ပုဂံသို့ ရောက်ရှိနေပြီး ငလျင်ဒဏ်သင့် နေရာများသို့ သွားရောက်နေကြောင်း နိုင်ငံတော် သမ္မတရုံး၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဆင်ဟွာသို့ ပြောကြားသည်။

ထို့ ပြင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် ပုဂံဒေသ ဘုရားပုထိုးစေတီများ ပြန်လည် ထိန်းသိမ်ရေး ကိစ္စများကို ဆက်လက်ဆောင်ရွက်ရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး  သူရဦးအောင်ကိုသည် ညောင်ဦးခရိုင်ထွေအုပ်ရုံး၌ ဌာနဆိုင်ရာအသီးသီးကတာဝန်ရှိသူများ၊အသိပညာရှင် အတတ်ပညာရှင်များနှင့် အစည်းအဝေး ပြုလုပ်လျက် ရှိကြောင်း သိရသည်။

ထို့ အတူ မြေငလျင်သင့်ဒေသများသို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာန ၊ ပြည်ထောင်စု ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိပြီး ဒေသခံပြည်သူများ၊ ပရဟိတ လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့် အလှူရှင်များကလည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအား အလျင်စလို မပြုပြင်ဘဲ သေချာ စီမံရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မှာကြား  ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ စေတီပုထိုးများအား အလျင်စလို မပြုပြင်ဘဲ သေချာ စီမံရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် မှာကြား Reviewed by THITHTOOLWIN on 18:29 Rating: 5
Powered by Blogger.