ဘုရားတွေရှင်းတဲ့အခါ စံတန်ဖိုးကို အလေးထားဖို့ သမ္မတ တိုက်တွန်း

Photo : Myo Zaw Ko, Kyaw Htoon Naing/RFA
ငလျင်ဒဏ်ကြောင့် ပြိုပျက်သွားတဲ့ဘုရားတွေကို ရှင်းလင်းတဲ့အခါမှာ ရှေးဟောင်းစံတန်ဖိုးတွေကို ဂရုတစိုက် အလေးထားထိန်းသိမ်းဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က က ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။

ပုဂံမြို့ကိုရောက်ရှိလာတဲ့ သမ္မတ ဦးထင်ကျော်ကို ငလျင်ဒဏ်ကြောင့်ပြိုပျက်သွားတဲ့ ဘုရားစေတီတွေရဲ့ အခြေအနေကို ရှေးဟောင်းယဉ်ကျေးမှုဌာနက ရှင်းပြခဲ့ပါတယ်။

သမ္မတ ဦးထင်ကျော်က ပြည်တွင်းဘုရားဖူးတွေနဲ့ ပြည်ပကမ္ဘာလှည့်ခရီးသွား ဧည့်သည်တွေအတွက် ထိခိုက်မှုမရှိတဲ့ဘုရားတွေကို ဖွင့်ပေးဖို့အပြင် ထိခိုက်မှုရှိတဲ့ဘုရားတွေမှာပါ အတက်နိုင်ဆုံးကြည့်ရှု မှတ်တမ်းတင်ခွင့် ပေးဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်သမ္မတဟာ ပျက်စီးမှု များခဲ့တဲ့ ထီးလိုမင်းလိုဘုရား၊ စူဠာမဏိစေတီနဲ့ ဝက်ကြီးအင်း ဂူပြောက်ကြီးဘုရားတွေကိုလည်း သွားရောက် ကြည့်ရှုခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ဘုရားတွေရှင်းတဲ့အခါ စံတန်ဖိုးကို အလေးထားဖို့ သမ္မတ တိုက်တွန်း ဘုရားတွေရှင်းတဲ့အခါ စံတန်ဖိုးကို အလေးထားဖို့ သမ္မတ တိုက်တွန်း Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.