သီပေါမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် စုစုပေါင်း ၇ ဦး သေဆုံး

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ နယ် အနီး ယာဉ်တိမ်းမှောက်မှု ဖြစ်စဉ်များအား တွေ့ ရစဉ် (ဓာတ်ပုံ-ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့ (လားရှိုး)
    ရန်ကုန် ၊ သြဂုတ် ၂၇ ရက်(ဆင်ဟွာ)

    ရှမ်းပြည်မြောက်ပိုင်း ၊ သီပေါမြို့ နယ် နမ့်အွန် ရွာအနီး မိုင်တိုင် ၁၄၉/၃ တွင် ယနေ့ သြဂုတ် ၂၇ ရက် ၊ နံနက်ပိုင်းတွင် နေပြည်တော်-လားရှိုး ပြေးဆွဲသည့် ကြယ်စင်ဟိန်း ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် စုစုပေါင်း ၇ ဦး သေဆုံးသွားခဲ့ကြောင်း ရှမ်းပြည်နယ် ၊ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

“ဖြစ်စဉ်ကတော့ နံနက် ၆ နာရီခွဲလောက်မှာ မိုးသည်းထန်စွာ ရွာသွန်းတဲ့ချိန် မော်တော်ယာဉ်က ကုန်းအဆင်းမှာ လမ်းချော်လို့ ဘရိတ်(Break)အုပ်လိုက်တာ ကားက တစ်ပတ်လှည် သွားပြီး လမ်းစောင်းနဲ့ သွားရိုက်ပြီး တိမ်းမှောက်သွားတာပါ”ဟု ရှမ်းပြည်နယ် ၊ ပြည်နယ် ဒုတိယ ရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ အတည်ပြု ပြောကြားခဲ့သည်။

ထိုခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ပွဲချင်းပြီး ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၁၃ ဦး ရှိခဲ့ရာမှ ၁ ဦး ထပ်မံ သေဆုံးသွားခဲ့သဖြင့် စုစုပေါင်း သေဆုံးသူ ၇ ဦးထိ ရှိခဲ့ပြီး ပွန်းပဲ့ဒဏ်ရာ ရရှိသူ ၄ ဦး ရှိခဲ့ကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
သီပေါမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် စုစုပေါင်း ၇ ဦး သေဆုံး  သီပေါမြို့ အနီး ခရီးသည်တင်ယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည် စုစုပေါင်း ၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.