၁၃နှစ်အရွယ် မယားပါသမီးအား ဖခင်အရင်းမဟုတ်သူမှ အဓမ္မပြုကျင့်သည်ကို ကိုယ်ဝန် ခြောက်လကြာမှ သိရသဖြင့် အမှုဖွင့်


စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်တွင် ဖခင်အရင်းမဟုတ်သူမှ ၁၃ နှစ်အရွယ်မယားပါသမီးအား ပြုကျင့်သည်ကို ကိုယ်ဝန် ခြောက်လရမှ သိရသဖြင့် အမှုဖွင့်တိုင်ကြားခဲ့ကြောင်း သိရှိရသည်။

 မ….. အသက် ၁၃ နှစ်သည် မိခင်၊ ပထွေးနှင့်အတူ ဟုမ္မလင်းမြို့နယ်၊ ဂွေးတောက်ကုန်းကျေးရွာ အုပ်စု၊ ဂွေးတောက်ကုန်း ကျေးရွာတွင် နေထိုင်ပြီး လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်၊ မတ်လအတွင်းက မိခင်မှ နေ့လည် စပါးရိတ်သွားချိန် တစ်အိမ်တည်းနေ ပထွေးတော်စပ်သူမှ သားမယားအဖြစ် ပြုကျင့်ခဲ့ခြင်း ဖြစ်သည်။

 ယင်းနောက် ဟုမ္မလင်းမြို့နယ်၊ နောင်ခမ်းကျေးရွာရှိ အစ်မ ဖြစ်သူ နေအိမ်သို့ မ….. အသက် ၁၃ နှစ်မှ သွားရောက်နေထိုင်ခဲ့ပြီး သြဂုတ်လ ၁၅ ရက်တွင် မိခင်အိမ်၌ ဓါတ်ဆီသွားယူစဉ် ဝမ်းဗိုက်ထွက်ရှိနေသည်ကို မိခင်မှတွေ့ရှိ၍ မသင်္ကာသဖြင့် မေးမြန်းရာမှ သိရှိခဲ့ခြင်း ဖြစ်သည်။

 ထို့ကြောင့် သြဂုတ်လ ၁၅ ရက်တွင် ဟုမ္မလင်းမြို့မ ရဲစခန်းသို့ အစ်မဖြစ်သူမှ သွားရောက် တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ရဲစစ်တမ်းများအရ သိရသည်။ “အသက်က၁၃နှစ်အရွယ်ပါ။ နောက်ပြီးခြောက်တန်း ကျောင်းသူလည်း ဖြစ်ပါတယ်။ပထွေးက မိခင်မရှိတုန်း သားမယားပြုကျင့်ခဲ့တာပါ။အမဖြစ်သူက ကျွန်တော်တို့ ဟုမ္မလင်းရဲစခန်းကို လာပြီး အမှုဖွင့်တာပါ။”ဟု ဟုမ္မလင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဦးထွဋ်ဦးရှိန်က ပြောသည်။

အဆိုပါ အမှုနှင့်ပတ်သက်၍ ဟုမ္မလင်းမြို့မ ရဲစခန်းမှ သားမယားပြုကျင့်ခဲ့သည့် ပထွေးတော်စပ်သူ ဦးကျော်မြင့် ၅၃နှစ်အား အမှုကြီးအမှတ်စဉ် ၅/၂၀၁၆(ပ)၃၀၂/၂၀၁၆ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
၁၃နှစ်အရွယ် မယားပါသမီးအား ဖခင်အရင်းမဟုတ်သူမှ အဓမ္မပြုကျင့်သည်ကို ကိုယ်ဝန် ခြောက်လကြာမှ သိရသဖြင့် အမှုဖွင့်  ၁၃နှစ်အရွယ် မယားပါသမီးအား ဖခင်အရင်းမဟုတ်သူမှ အဓမ္မပြုကျင့်သည်ကို ကိုယ်ဝန် ခြောက်လကြာမှ သိရသဖြင့် အမှုဖွင့် Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.