ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ဆုံဆို့နာ ဟု သံသယ ဖြစ်ပွားဖွယ် ရောဂါ တစ်မျိုး ဖြစ်ပွား


 သြဂုတ် ၎

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း ဆုံဆို့နာဟု သံသယ ဖြစ်ပွားဖွယ် ရောဂါ တစ်မျိုး ဖြစ်ပွား၍ ကလေးငယ် တစ်ဦးသေဆုံးခဲ့ကာ မည်သည့်ရောဂါ ဖြစ်သည်ကို အတည်ပြုချက် ရယူရန်အတွက် ရန်ကုန်သို့ ပို့ဆောင်ထားကြောင်း ကျောက်တော်မြို့နယ် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ် ဒေါက်တာ ခင်မောင်ရင်က ပြောသည်။

ဒေါက်တာခင်မောင်ရင်က “ ဒီလိုဖြစ်တာတော့ပထမဆုံးအကြိမ်ပေါ့ သူဖြစ်တာကတော့ချောင်းဆိုး ရင်ကြပ်ပြီတော့အသက်ရှူလို့မရဘူးဖြစ်တယ် ။ ကျွန်တော်တို့ကနောက် အဲဒီကလေးဖြစ်နေတဲ့ရောဂါ လက္ခဏာတွေကိုကြည့် လိုက်တော့ ကျွန်တော်တို့က အဲဒီရောဂါလို့ သံသယဖြစ်တာပေါ့နော် ဆုံဆို့နာရောဂါလို့တော့ အတိအကျပြော လို့မရသေးဘူး။ ပြည်နယ်အဆင့် ၊နေပြည်တော်ကိုပါ ရောဂါဖြစ်ပွားမှု အခြေအနေကို အကြောင်းကြား ထားပါတယ်။ အဲဒီကလေးရဲ့ ပါးစပ်က အရည်တွေကို ယူပြီး ပိုးစစ်ဆေးဖို့ သက်ဆိုင်ရာကို ပို့ထားပြီးပါပြီ ” ဟု ရှင်းပြသည်။

အဆိုပါ သေဆုံးသွားသည့် ကလေးငယ်မှာ အသက်ခြောက်နှစ်အရွယ်ဖြစ်ပြီး ၄င်းမြို့နယ်ဝဲကြီးထောင့်ကျေးရွာမှ ဖြစ်ပြီး ကြောင်း ၊ သြဂုတ်လ ၂ ရက်နေ့တွင် အဆိုပါ သံသယ ဖြစ်ဖွယ်ရာ ရောဂါဖြင့် ကျောက်တော်မြို့ပြည်သူ့ဆေးရုံ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။

လက်ရှိချိန်တွင် အဆိုပါ ၀ဲကြီးထောင့် ကျေးရွာအပါအ၀င် ဆက်စပ်တည်ရှိနေသော ကျေးရွာများမှ ကလေး၊ လူကြီးများပါမကျန် အလား တူရောဂါမျိုး ထပ်မံ ဖြစ်ပွားမှု ရှိ / မရှိအခြေအနေကို နေ့စဉ်စောင့်ကြည့် ကာ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးထားကြောင်း သိရသည်။

ဝင်းမောင်စိန်
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ဆုံဆို့နာ ဟု သံသယ ဖြစ်ပွားဖွယ် ရောဂါ တစ်မျိုး ဖြစ်ပွား  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ဆုံဆို့နာ ဟု သံသယ ဖြစ်ပွားဖွယ် ရောဂါ တစ်မျိုး ဖြစ်ပွား Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.