ပြည်ကြီးတံခွန်မြို့နယ်၌ ရွှေတုံးအတုများ လိမ်လည်ရောင်းချထားသည့် တရုတ်နိုင်ငံသားများ ပြန်လည်ဖမ်းဆီးရမိ


နေပြည်တော်၊ ဩဂုတ် ၃၁

သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ စင်္ကြာနွယ်စဉ်ရပ်ကွက်နေ ဦးဝါဟင်း(၅၀)နှစ်၏ လက်ကိုင်ဖုန်းသို့ ကျိုးပိန်းဝှာ (၄၂)နှစ် ပတ်စ်ပို့အမှတ် G 46234421 (ဗီဇာအမှတ်- C 498934၊ Business ဗီဇာ၊ သက်တမ်း အေ ၀၅ မှ ဇူ ၁၄ ထိ)မှ တရုတ်ဘာသာစကားဖြင့် ၎င်း၏ရွှေကုမ္ပဏီလုပ်ငန်းပြီးဆုံး၍ တရုတ်ပြည်သို့ ပြန်မည်ဖြစ်၍ ရွှေတုံး(၅၀)ခန့် ရောင်းချလိုကြောင်းဆက်သွယ်လာခဲ့ရာ ကျွဲဆည်ကန်ကားဝင်း ဝင်ပေါက်အနီးသို့ ချိန်းဆိုတွေ့ဆုံခဲ့ရာတွင် ကျိုးပိန်းဝှာ ပါ(၃)ဦးအား တွေ့ဆုံမိပြီး ၎င်းတို့ထံမှ ရွှေတုံး(၅၀)တုံးအား ငွေကျပ်သိန်း(၆၀၀)ဖြင့် ဝယ်ယူရန်သဘောတူညီခဲ့ပြီး ဩဂုတ်လ(၂၉)ရက်နေ့တွင် ဝယ်ယူခဲ့သည်။


 မွန်းလွဲ ၁ နာရီအချိန်တွင် ရွှေတုံးများအား ထပ်မံစစ်ဆေးရာ ရွှေအတုများဖြစ်နေ သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်း(ပ)၄၇၄/၂၀၁၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၄၀၂)ဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။ တိုင်ကြားချက်အရ စစ်ကိုင်းမြို့မရဲစခန်းနှင့် ချိတ်ဆက်စုံစမ်းခဲ့ရာ ကျိုးပိန်းဝှာ ပါ(၃)ဦးသည် Happy Hotel အခန်း(၂၉)တွင် တည်းခိုနေကြောင်း သတင်းရရှိ၍ ပြည်ကြီးတံခွန် မြို့နယ်၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်အောင်နှင့် အဖွဲ့မှ သက်သေများနှင့်အတူ ဝင်ရောက် ဖမ်းဆီးခဲ့ရာ ၎င်းတို့ထံမှ မြန်မာငွေကျပ်(၆,၁၀၆,၀၀၀)ကျပ်၊ အမေရိကန်ဒေါ်လာ(၃၃၇)၊ တရုတ်ယွမ် (၅၂၂၅)၊ ထိုင်းဘတ်(၅၆၀)၊ ဟောင်ကောင်ဒေါ်လာ(၈၀)၊ မလေးရှားရင်းဂစ်(၅၁)၊ ရုရှားရူဘယ် (၁၅၀)၊ စင်ကာပူဒေါ်လာ(၁၂)၊ အာရေဗီးယားဒဟားမား(၅)တို့နှင့်အတူ လက်ကိုင်ဖုန်းတစ်လုံး၊ ရွှေတုံးအတု(၄၈)တုံး၊ ရွှေဖြတ်စ(၁)စ၊ ဖြတ်လွှ(၂)ချောင်းတို့နှင့်အတူ ပြန်လည်ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ - (Facebook)
သတင်း - ရဲဇာနည်
https://www.facebook.com/yezarnimedia
ပြည်ကြီးတံခွန်မြို့နယ်၌ ရွှေတုံးအတုများ လိမ်လည်ရောင်းချထားသည့် တရုတ်နိုင်ငံသားများ ပြန်လည်ဖမ်းဆီးရမိ  ပြည်ကြီးတံခွန်မြို့နယ်၌ ရွှေတုံးအတုများ လိမ်လည်ရောင်းချထားသည့် တရုတ်နိုင်ငံသားများ ပြန်လည်ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 22:15 Rating: 5
Powered by Blogger.