နေပြည်တော်၊ သြဂုတ် ၁၇
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စု၊ လယ်ပြင်ကျေးရွာအနီး၌ တပ်မတော်စစ်ကြောင်းက သြဂုတ် ၁၆ ရက်ညနေ ၆ နာရီခန့်တွင် သတင်းအရ ရှောင်တခင်စစ်ဆေးစဉ် ယာဉ်မောင်း ဖိုးအေး ၃ဝနှစ် (ဘ)ဦးမြစံနှင့် ယာဉ်နောက်လိုက် မျိုးမင်းဇော်၁၆ နှစ်(ဘ) ဦးဇော်ဇော် လိုက်ပါလာသည့် ဝါ/ဖြူ ကြားရောင် ဟီးနိုးအမျိုးအစား ၁၂ ဘီးယာဉ်၊ ယာဉ်အမှတ်၊ 7J/-----နှင့် ယာဉ်မောင်း ဦးဇော်ဝင်း ၅ဝ နှစ်(ဘ)ဦးဆတ်နှင့် ယာဉ်နောက်လိုက် ဝင်းသူရ ၂၄ နှစ်(ဘ) ဦးသန်းထွန်း လိုက်ပါလာသည့် နီ/ဖြူ ကြားရောင် ဖူဆိုအမျိုးအစား ၁၂ ဘီးယာဉ်၊ ယာဉ်အမှတ်၊ 9F/--------ပေါ်မှ တရားမဝင် သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ်များ ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်မှာ တပ်မတော်စစ်ကြောင်းမှ စစ်ဆေးစဉ် အဆိုပါယာဉ် နှစ်စီးပေါ်တွင် တင်ဆောင်လာသည့် ထုံးအိတ်များအောက်၌ ဝှက်၍ တရားမဝင်သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် တစ်အိတ်လျှင် ၅ဝ ကီလိုပါ အိတ်စုစုပေါင်း ၉၂၅ အိတ်(စုစုပေါင်းကာလတန်ဖိုး ကျပ် ၇၈၆ သိန်းခန့်)အား ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဖမ်းဆီးရမိသူများ၊ ယာဉ်နှစ်စီးနှင့် အမိုနီယမ်နိုက်ထရိတ် အိတ်များအား တရားဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး နယ်မြေရဲစခန်း(လုံခင်း)သို့ စနစ်တကျ လွှဲပြောင်းအပ်နှံ ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြ၀တီ
https://www.facebook.com/mwdmedia/
တရားမဝင်သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ် ကာလတန်ဖိုး ကျပ် ၇၈၆ သိန်းခန့်အား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
19:06
Rating:
