မောင်တောနယ်စပ်တွင် စိတ်ကြွဆေးပြား တစ်သိန်းကျော်နှင့် လူ ၄ ဦးကို ဖမ်းဆီး


နိရဉ္စရာ၊ သြဂုတ် ၂၃

ရခိုင်ပြည်နယ် အနောက်ဘက် မောင်တောမြို့နယ်တွင် စိတ်ကြွဆေးပြား တစ် သိန်းကျော်နှင့် အတူ ဘင်္ဂလီ ၄ ဦးကို ဖမ်းဆီးမိသည်သည်ဟု သတင်းရရှိသည်။

သြဂုတ်လ ၂၂ ရက် ညနေ ၄ နာရီကျော်အချိန်က ၎င်းရူးသွပ် စိတ်ကြွဆေးပြားများကို ဘင်္ဂလီ လေးဦးထံမှ သီးခြားစီ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ်ရဲတပ်ဖွဲ့ရုံးမှ ပြောသည်။

မောင်တော-တောင်ပြို ခရီးသည်တင်ကား ယဉ် 4B-6008 HINO အဖြူရောင်ပေါ်တွင် ဂျင်းကီး(၂၀)နှစ် (ဘ)အဒူလောက်၊ ဘာဒူဖကျေးရွာနေ၏ ထန်းလျက်နှီးခြင်း တောင်းထဲမှ ထန်းလျက်ခဲများနှင့် ရောထည့် ထားသည့် wy စာတန်းပါ ပန်းရောင် စိတ်ကြွဆေးပြား ၉၇၅၀၊ ကာလတန်ဖိုးအားဖြင့် (၁၉၅) သိန်းဖိုးကို စတင် ဖမ်းမိခဲ့သည်။


နောက်ထပ် ဆက်လက် ရှာဖွေရာ ခရီးသည် ဒီမူဟာမောက် (၁၄)နှစ်၊ (ဘ)ရှော်ရှီတာမောက်၊ေ ဖွရှာရွာ၊ တောင်ပြိုလက်ဝဲမြို့နေသူထံမှ WYစာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၃၉၀၀၀ ပြား၊ ကာလတန်ဖိုး (၇၈၀) သိန်းဖိုးကို ထပ်မံ ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။

၎င်းနောက် ဖာရု(၂၁)နှစ် (ဘ)အီနူးစ်၊ ဘာဒူဖကျေး ရွာနေနှင့် နူရ်ဘော်ရှော့(၄၅)နှစ်၊ လသာ အထက်ရွာ နေသူတို့ ထံမှ wyစာတမ်းပါ စိတ်ကြွဆေးပြား ၁၀၇၂၅၀ ပြား၊ ကာတန်ဖိုး(၂၁၄၅)သိန်း ဖိုးဖမ်းမိခဲ့သည်ဟု သိရသည်။

“မနေ့က မောင်တော-တောင်ပြို ခရီးသည်တင်ကားပေါ်မှာ ဖမ်းမိတာပါ။ ပထမမိတာက တစ် ယောက်ပါ။ ကားပေါ်မှာပဲနောက်တစ်ယောက်ပြီး တစ်ယောက် ဖမ်းမိတာပါ။ တစ်ျနေ့တည်းမှာပဲ စုစုပေါင်းဆေးပြား ၁၅၆၀၀၀ ပြား၊ ကာလတန်ဖိုး ကျပ် ၃၁၂၀ သိန်း၊ သုံးမှုကို ကားတစ်ကားပေါ်က တစ်နေ့တည်း ဖမ်းဆီး ရမိတာဖြစ်ပါတယ်”ဟု မောင်တောမြို့မ ခေတ္တ ရဲစခန်းမှူး ရဲအုပ်ဆန်းညွန့်က နိရဉ္စရာ သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

ပထမဆုံးဖမ်းဆီးခံရသူ ဂျင်းကီ၏ ထွက်ဆိုချက် အရ နောက်ထပ်ကွင်းဆက်တရားခံများကို ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ရဲအုပ်ဆန်းညွန်က ဆက်ပြောသည်။

“ကျွန်တော်တို့ သူကို စစ်ဆေးမေးမြန်းတဲ့အခါ ကွင်းဆက် တရားခံတွေ ပြောပြပါတယ်။ သူပြောပြချက် အတိုင်း စစ်ဆေး လိုက်တဲ့အတွက် နောက်ထပ်ဆက်နွယ်သူတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့တာပါ” ဟု ရဲအုပ်က ပြောသည်။

ဖမ်းဆီးရမိသည့်တရာခံများအား မောင်တောမြို့မရဲစခန်းတွင် ဂျင်းကီးအား မယ(ပ)၉/၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရလည်းကောင်း၊ တရားခံ ဒီမူဟာမောက်အား မယ(ပ)၁၀/၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က) အရ လည်းကောင်း၊ တရားခံ ဖာရုနှင့် နူရ်ဘောရှော့ တို့အား မယ(ပ)၁၁/၁၆ မူးစိတ်ပုဒ်မ ၁၅/၁၉(က)အရ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

မောင်တောမြို့နယ်မှာ မူးယစ်ဆေးဝါးပပျောက်ရေးအတွက် ရဲတပ်ဖွဲ့အနေဖြင့် မူးယစ်ဆေးဝါး တားဆီးကာကွယ် နှိမ်နှင်းရေး၊မူးယစ်ဆေးဝါး ဆိုးကျိုးများးကို ပညာပေးဟောပြောမှုများ ပြုလုပ်ထားနေကြောင်းနှင့်မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားနေသူများကို တိုးမြှင့်ဖမ်းဆီးအရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်းလည်း ရဲအုပ်ဆန်းညွန်က ဆိုသည်။

ကောင်းမြတ်နိုင်(မောင်တော)
Narinjara
https://www.facebook.com/Narinjara
မောင်တောနယ်စပ်တွင် စိတ်ကြွဆေးပြား တစ်သိန်းကျော်နှင့် လူ ၄ ဦးကို ဖမ်းဆီး  မောင်တောနယ်စပ်တွင် စိတ်ကြွဆေးပြား တစ်သိန်းကျော်နှင့် လူ ၄ ဦးကို ဖမ်းဆီး Reviewed by THITHTOOLWIN on 17:27 Rating: 5
Powered by Blogger.