ပေါက်မြို့တွင် မိုးသည်းထန်စွာရွာသွန်း၊ လမ်းများနှင့် ရပ်ကွက်အချို့ရေလွှမ်း


ပေါက် သြဂုတ် ၂၇

ရက် ပေါက်မြို့တွင် သြဂုတ် ၂၇ ရက်ညနေ ၃ နာခန့်က မိုးများအဆက်မပြတ် ရွာသွန်း ခဲ့ခြင်းကြောင့် လမ်းများနှင့်ရပ်ကွက် အတွင်းနေအိမ်ဝင်းများနှင့်နေအိမ် အချို့ ဆင်ဇာချောင်းရေများဝင်ရောက်လျက်ရှိ ကြောင်း သိရသည်။

အဆိုပါချောင်းရေများသည် အောင် တော်မူရပ်ကွက် မြောက်ဘက်ပိုင်းမြေနိမ့်သည့်လမ်းများနှင့် လူနေအိမ်ဝင်း အတွင်း ဆင်ဇာချောင်းရေများလျှံ၍ ၃ပေ ခန့် အထိရေများ ဝင်ရောက်ခဲ့ပြီးအောင် တံခွန်တိုးချဲ့ ရပ်ကွက်မြောက် ဘက်ခြမ်း တွင် လည်းမြေနိမ့်သည့်လမ်းများနှင့် လူ နေအိမ်ဝန်းအတွင်း ဆင်ဇာ ချောင်းရေများလျှံ၍ ၂ ပေခန့်အထိ ရေများဝင် ရောက်လျက်ရှိသည်။


အဆိုပါဆင်ဇာချောင်းရေ ဝင်ရောက် သည့်ရပ်ကွက်အတွင်းရှိ နေအိမ်များ တွင်လူနှင့်တိရစ္ဆာန်များ နေအိမ် အသုံးအဆောင်ပစ္စည်း များကို နီးစပ်ရာ သို့ ပြောင်းရွှေ့ခြင်းအား မြို့နယ်မီးသတ်ဦး စီးမှူး ဦးကျော်မင်းသူနှင့် တပ်ဖွဲ့ဝင် များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင် ရာများနှင့် ရပ်ကွက်နေပြည်သူများ က ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပြီး လူနှင့်တိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှု မရှိကြောင်း သိရသည်။

ဥာဏ်တိုး(ပေါက်) ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ပေါက်မြို့တွင် မိုးသည်းထန်စွာရွာသွန်း၊ လမ်းများနှင့် ရပ်ကွက်အချို့ရေလွှမ်း   ပေါက်မြို့တွင် မိုးသည်းထန်စွာရွာသွန်း၊ လမ်းများနှင့် ရပ်ကွက်အချို့ရေလွှမ်း Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.