နေမကောင်းသော မိန်းကလေးကို ယတြာချေ ပေးမည်ဆိုကာ လုံချည်ဆွဲချွတ်၍ အဓမ္မပြုကျင့်ရန် ကြံစည်သူ ရဲအတိုင်ခံရ


မုံရွာ၊ သြဂုတ် ၁၁။

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ လာဝယ်ကျေးရွာတွင် နေမကောင်းဖြစ်နေသော အသက် ၃၅နှစ်အရွယ် အမျိုးသမီးတစ်ဦးအား အသက် ၅၈ နှစ်အရွယ်အမျိုးသားမှ ယတြာ ချေပေးမည်ဟုဆိုကာ လုံချည်ဆွဲချွတ်၍ အဓမ္မပြုကျင့်ရန် ကြံစည်သဖြင့် ယခုလ ၁၀ရက်နေ့က ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ လာဝယ်ရွာနေ အမျိုးသမီးသည် နေမကောင်းသဖြင့် ရွာဦးဆုတောင်းပြည့်စေတီဘုရားတွင်
ညောင်ပင်ထောက်ခြင်း၊ ဘုရားရှိခိုးခြင်းများ လုပ်နေစဉ် တစ်ရွာတည်းနေ အသက် ၅၈နှစ်အရွယ် အမျိုးသားမှ ရောက်လာပြီး ဆုတောင်းယတြာချေပေးမည်ဟု ပြောကာ ခန္ဓာကိုယ်အား လက်ဖြင့် ပွတ်ပြီး၊ လုံချည်အား ခါးအထိဆွဲလှန်ကာ အတွင်းခံဘောင်းဘီကို ဆွဲချွတ်ချလိုက်စဉ် အမျိုးသမီးမှာ ထွက်ပြေးခဲ့ပြီး ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

၎င်းအမှုကို ခန္တီးမြို့မရဲစခန်းမှ အဓမ္မပြုကျင့်ရန် ကြံစည်အားထုတ်မှု ၃၇၆/၅၁၁ဖြင့် အမှုဖွင့်၍ ပြုကျင့်ရန်ကြိုးစားသူကို ဖမ်းဆီးစစ်ဆေးနေကြောင်း သိရသည်။

ဟိန်းလင်းသန့်
Central News Myanmar
https://www.facebook.com/CNMyanmar
နေမကောင်းသော မိန်းကလေးကို ယတြာချေ ပေးမည်ဆိုကာ လုံချည်ဆွဲချွတ်၍ အဓမ္မပြုကျင့်ရန် ကြံစည်သူ ရဲအတိုင်ခံရ  နေမကောင်းသော မိန်းကလေးကို ယတြာချေ ပေးမည်ဆိုကာ လုံချည်ဆွဲချွတ်၍ အဓမ္မပြုကျင့်ရန် ကြံစည်သူ ရဲအတိုင်ခံရ Reviewed by THITHTOOLWIN on 17:55 Rating: 5
Powered by Blogger.