တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ဝက်ဆီတစ်မျိုး နယ်စပ်မှတစ်ဆင့် မူဆယ်ဈေးကွက်သို့ ရောက်ရှိ


မူဆယ် သြဂုတ် ၂၁

တရုတ်နိုင်ငံမှ စားသောက်ကုန်များတွင် ထည့်သွင်းအသုံးပြုသည့် ဝက်ဆီများအား ဝက်ဆီနံ့မထွက် ရန်နှင့် အေးသောရာသီတွင် ခဲမသွားစေရန် ဓာတု ဗေဒနည်းများဖြင့် ပြုပြင်ထားသောစားသုံးဆီ တစ်မျိုး ယခုရက်ပိုင်းအတွင်း မူဆယ်ဈေးကွက်သို့ ဝင်ရောက်ခဲ့သည်။

ဆီပုံးတွင် ရိုက်နှိပ်ဖော်ပြထားသည့် တရုတ်စာအား တိုက်ရိုက်ဘာသာပြန်လျှင် စားသောက်ကုန်သုံးဝက်ဆီဟု အဓိပ္ပာယ်ရပြီး အစိမ်းရောင်အမှတ်တံဆိပ်ကို သေချာကြည့်လျှင် ဝက်ပုံသဏ္ဌာန်ဖြစ်ကြောင်း လွယ်ကူစွာ သိရှိနိုင်သည်။

၅ ကီလိုဂရမ်နှင့် ၂၅ ကီလိုဂရမ်ပါ ပုံးနှစ်မျိုး ဈေးကွက်အတွင်း ဝင်ရောက်ခဲ့ပြီး မြန်မာပြည်အတွင်း ရောင်းသော တစ်ပိဿာ၏ လက်လီ ဈေးနှုန်းမှာ ကျပ် ၁၈ဝဝ သာရှိကြောင်း မြန်မာ ဘက်ခြမ်းသို့ တင်သွင်းသည့် အဝယ်တော်များထံမှ တစ်ဆင့် သိသည်။

မူဆယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်ပြည်ကြယ်ဂေါင်မြို့နှင့် ရွှေလီမြို့များရှိ တရုတ်ကုန်သည်ကြီးများမှတစ်ဆင့် မြန်မာပြည် အတွင်း တရားမဝင်လမ်းကြောင်းများမှ အရေအတွက် မြောက်မြားစွာတင်သွင်းလာကြောင်း စုံစမ်းသိရသည်။

ဈေးနှုန်းသက်သာ၍ အရောင်လှပသည့်အတွက် မုန့်ဖုတ်သည့်လုပ်ငန်းများနှင့် ဆီရွှဲသောကလေးစားသည့် တရုတ်မုန့် အများစုတွင် အသုံးပြုကြောင်း တရုတ်ပြည်ကြယ်ဂေါင်ရှိ စားသောက်ကုန်လုပ်ငန်းရှင်တစ်ဦးက ရှင်းပြပြီး တရုတ်ပြည်၏ FDA ထောက်ခံချက်ပါရှိကြောင်း သိရသည်။

တရုတ်ပြည်တွင် ဆယ်စုနှစ်တစ်ခုနည်းပါးကြာအသုံးပြုခဲ့ သော အဆိုပါဆီအား မြန်မာနိုင်ငံသို့ သြဂုတ်လဆန်းပိုင်းမှ စတင်တင်သွင်းကြောင်း မြန်မာကုန်သည် အများစု၏ ပြောစကား အရ သိရသည်။

ဆရာမောင်(မူဆယ်)
The Mirror Daily
https://www.facebook.com/TheMirrorDaily
တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ဝက်ဆီတစ်မျိုး နယ်စပ်မှတစ်ဆင့် မူဆယ်ဈေးကွက်သို့ ရောက်ရှိ  တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် ဝက်ဆီတစ်မျိုး နယ်စပ်မှတစ်ဆင့် မူဆယ်ဈေးကွက်သို့ ရောက်ရှိ Reviewed by THITHTOOLWIN on 09:06 Rating: 5
Powered by Blogger.