သူနာပြုဆရာမနှစ်ဦး ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွား (၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ

၁၇-၈-၂၀၁၆

ထိုင်းနိုင်ငံဘန်ကောက်မြို့  မကပ်စံမြို့ နယ် ဖက်ဘူရီ လမ်းမကြီးပေါ်က နာမည်ကြီး ဆေးရုံတစ်ရုံရဲ့  အောင်ဆုံးထပ် မြေအောက်ခန်းမှာ သြဂုတ်လ (၁၇)ရက်နေ့  နေ့ လည်ပိုင်းက သူနာပြု ဆရာမနှစ်ဦး စကားများရန်ဖြစ်ရာက ဘေးကနေ ဟန့် တားခဲ့သူ ဆရာမ ကြာရုဝန်ကို Kusuma ကူဆိုမာ အသက်(၂၀ )က ဓါးနဲ့  ထိုးခဲ့ပါတယ်။

ရန်ဖြစ်တဲ့ ဆရာမကူဆိုမာ Kusuma နဲ့  Hit Maw ဟစ်မော် တို့  နှစ်ဦးဟာ သမီးရီးစား အရေးနဲ့  ပြသနာဖြစ်နေခဲ့ကြပြီး ရန်ဆောင်နေကြတာ ကြာနေပြီဖြစ်ပါတယ်။ ဒီနေ့ မှာ တော့ နှစ်ယောက် မျက်နှာချင်းဆိုင် ၀င်တိုက်မိခဲ့ကြတဲ့အခါ ရန်စဖြစ် ခဲ့တာပါ။ ကူဆူမာက အသင့်ဆောင်ထားတဲ့ ဓါးနဲ့  လိုက်ထိုးခဲ့ပါတယ်။


သူတို့ နှစ်ဦး ရန်ဖြစ်နေတာကို ဘေးကနေ၀င်ဟန့် တားခဲ့တဲ့ သူနာပြု ဆရာမ ကြာရုဝန် Jaruwan ဓါးဒဏ်ရာနဲ့  သေဆုံးသွားခဲ့ပြီး အဓိက ရန်ဖြစ်သူ ဆရာမ ဟစ်မော် လည်း ဓါးဒဏ်ရာနဲ့  ဆေးရုံတင်ထားရပါတယ်။
တရားခံ ကတော့ အခင်းဖြစ်ပွားတဲ့နေရာမှာဘဲ ရဲတွေအလာကို စောင့်နေခဲ့ပြီး အဖမ်းခံခဲ့ပါတယ်။

Social Action for Women - SAW
tnews.teenee
သူနာပြုဆရာမနှစ်ဦး ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွား (၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ  သူနာပြုဆရာမနှစ်ဦး ရန်ဖြစ်ရာမှ ဓါးထိုးမှုဖြစ်ပွား (၁)ဦးသေဆုံး (၁)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 05:47 Rating: 5
Powered by Blogger.