ယာဉ်အား မဆင်မခြင်မောင်းနှင်ရာမှ ချောင်းအတွင်းထိုးကျ


မိုးမိတ် သြဂုတ် ၎

ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် သြဂုတ် ၃ ရက် ညနေပိုင်းက ယာဉ်တစ်စီး မဆင်မခြင်မောင်းနှင်းရာမှ ချောင်းအတွင်းသို့ ထိုးကျခဲ့ကြောင်း သတင်းရရှိသဖြင့် အမှတ် (၁၂၄) ယာဉ်ထိန်းတပ်ဖွဲ့စု ရုံးမှ ရဲအုပ်သန့်ဇော်ဦးက သွားရောက်စစ်ဆေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ မိုးမိတ်မြို့ မြောက်ပိုင်းရပ်ကွက်ဘက်မှ ရွှေဇာလီကျေးရွာဘက်သို့ သရက် ချိုကျေးရွာမှ ထွန်းကျော်မောင်းနှင်လာသော 6H/1981 ၊ HIJET အမျိုးအစား အဖြူရောင်ယာဉ် သည် နမ့်မိတ်ချောင်းတံတားပေါ်တွင် တံတားဘောင်နှင့် တိုက်မိကာ ချောင်း အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်သည်။

 ယာဉ်ပေါ်ပါရှိသူ မောင်ဖုန်းမြတ်ဇော်တွင် ယာပါး၊ ယာနားထင် ပွန်းပဲ့ဒဏ်ယာ (မစိုးရိမ်ရ) နှင့် ဦးလှဖေတွင် လက်ကောက်ဝတ် ပွန်းပဲ့ဒဏ်ယာ၊ တံတောင်ဆစ် ပွန်းပဲ့ဒဏ်ယာ (မစိုးရိမ်ရ) တို့ရရှိခဲ့၍ ဆေးရုံသို့ တင်ပို့ကုသခဲ့ရပြီး ယာဉ်မောင်းသူ ထွန်းကျော်မှာ အခင်းဖြစ်ပွားရာ နေရာတွင် ယာဉ်အားထားကာ တိမ်းရှောင်သွားကြောင်း စစ်ဆေးတွေ့ရှိ ရသဖြင့် ယာဉ်အား မဆင်မခြင်မောင်းနှင်းသူ ထွန်းကျော်အား အမှုဖွင့်အရေးယူနိုင်ရန် ဆက်လက် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။

မိုးမိတ် (ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ယာဉ်အား မဆင်မခြင်မောင်းနှင်ရာမှ ချောင်းအတွင်းထိုးကျ  ယာဉ်အား မဆင်မခြင်မောင်းနှင်ရာမှ ချောင်းအတွင်းထိုးကျ Reviewed by THITHTOOLWIN on 16:16 Rating: 5
Powered by Blogger.