ရန်ကုန်မြိုသစ်စီမံကိန်းကို လေးထောင့်ကန်တွင် ပြုလုပ်ရန် ပညာရှင်များတင်ပြ

ဓာတ်ပုံ-Mg Kaung Fb
ရန်ကုန်၊ သြဂုတ် ၁၇။

ရန်ကုန်မြိုသစ်စီမံကိန်း အရှေ့ဒဂုံမြိုနယ်၊လေးထောင့်ကန်အနီးရှိ လယ်မြေဧက ၁၇၀၀ကျော်တွင် ပြုလုပ်ရန် သြဂုတ်လ ၁၆ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပုလဲခန်းမတွင် ပြုလုပ်သော ရန်ကုန်မြိုသစ်စီမံကိန်းနှင့် ပက်သက်၍ လွှတ်တော်ဥက္ကဌ၊ ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီ၊ မြို့ပြစီမံကိန်း ကျွမ်းကျင်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပါဝင်သည့် ဆွေးနွေးမှုတွင် မြိုပြစီမံကိန်းပညာရှင်များက မြိုသစ်ဖေါ်ဆောက်သင့်သာ နေရာများ၏ ဦးစားပေးနေရာအဖြစ် ဒဂုံအရှေ့ပိုင်းမြိုနယ်၊လေးထောင့်ကန်ရပ်ကွက်အနီးရှိ လယ်မြေဧက ၁၇၀၀၀ကျော်ပေါ်တွင် ပြုလုပ်ရန် တင်ပြခဲ့ကြောင်း၊ ယင်းအစည်းအဝေးသို့တတ်ရောက်ခဲ့သည် ရန်ကုန်တိုင်းဒေသကြီး တွံတေးမြိုနယ် မဲဆန္ဒနယ်အမှတ်၂မှ ဦးနေနိုင်ဦးက ပြောသည်။

ယင်းအစည်းအဝေးတွင် မြိုသစ်စီမံကိန်း ပြုလုပ်သင့်သော နေရာလေးခုတင်ပြရာ ဒဂုံအရှေ့ပိုင်းမြိုနယ်ရှိ လေးထောင့်ကန်ရပ်ကွက်အနီးမှ လယ်မြေများအပြင်၊သန်လျင်မြိုနယ်ရှိ ကုလားဝဲတံတားအနီးတွင်လည်းကောင်း၊ဒလမြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်ကြားတွင်လည်းကောင်း၊ ကြည်မြင်တိုင်တစ်ဖက်ကမ်းတို့တွင်လည်းကောင်း ဦးစားပေးအလိုက် တင်ပြခဲ့ကြောင်း သိရသည်။

''လေးထောင့်ကန်က လယ်မြေတွေက၊ ၁၉၉၀တုန်းက ဗိုလ်ချုပ်ခင်ညွန့်လက်ထက်က သိမ်းခဲ့တဲ့မြေတွေ။ မြေလျော်ကြေးတော့ မပေးရသေးဘူး။ ပြီးတော့ ဟံသာဝတီလေဆိပ်နဲ့လည်းနီးတယ်။ အမှတ်(၂)လမ်းမကြီးနဲ့လည်း နီးတယ်။ ရန်ကုန်-မန္တလေးရထားလမ်းနဲ့ နီးတဲ့အတွက် အဒီနေရာကို မြိုသစ်စီမံကိန်းလုပ်ဖို့ ဦးစားပေးချင်တယ်လို့ တင်ပြကြတယ်။ အဒီမှာရှိတဲ့ လယ်မြေတွေကိုလည်း ခေတ်ကာလနဲ့ လျော်ညီတဲ့ လျော်ကြေးပေးမယ်ဆိုရင် ဒေသခံတွေလည်း ကျေနပ်မယ်။ အစိုးရအနေနဲ့လည်း ကုန်ကျစရိတ်သက်သာမယ်။ ဒါကြောင့် အဲဒီနေရာ ကို ဦးစားပေး တစ်နေရာမှာ လုပ်သင့်တယ်လို့ မြိုပြပညာရှင်ဒေါက်တာကျော်လတ်က တင်ပြသွားတယ်''ဟု တွံတေးမြို့နယ်၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးနေနိုင်ဦးက ပြောသည်။

ပညာရှင်များ၏ တင်ပြချက်များတွင် ယခင်အစိုးရလက်ထက်မှ ဆောင်ရွက်ရန် ခွင့်ပြုချက်ရရှိထားခဲ့သော ရန်ကုန်အနောက်တောင် မြိုသစ်စီမံကိန်းမှာ ပညာရှင်များ၏ တွက်ချက်မှုအရ မဖြစ်သင့်သော မြိုသစ်စီမံကိန်း ဖြစ်ကြောင်းနှင့် ပထမဆုံး ဆောက်လုပ်ရန် လျာထားသော ကြည်မြင်တိုင်-အလတ်ချောင်းတံတားမှာ ဆောက်လုပ်ရန် စံချိန်မမှီသော တံတားဖြစ်သည်ဟု ပညာရှင်များက ပြောကြားတင်ပြခဲ့ကြောင်း သိရသည်။

'' အနောက်တောင် မြိုသစ် စီမံကိန်းက ဖြစ်ဖို့အလားလာနည်းသွားပြီလို့ပြောရမှာပဲ။ ၀န်ကြီးချုပ်ကလည်း သူရဲ့မဲဆန္ဒနယ်မြေ မှာ ပြုလုပ်ဖိုပြောထားတာရှိသလို အခုပညာရှင်တွေကလည်း လေးထောင့်ကန်အနီးက လယ်မြေဧက ၁၇၀၀၀ကျော်မှာ လုပ်ဖို့တင်ပြလာတယ်။ ဒါက အတည်တော့ မဖြစ်သေးပေမယ့် အနောက်တောင်မြိုသစ်အတွက် အခြေနေမကောင်းဘူးလို့ထင်တယ်''ဟု လွတ်တော်ကိုယ်စားလှယ် ကိုနေနိုင်ဦးက ပြောသည်။

ယခုကဲသို့ ပညာရှင်များ၏ အကြံပြုတင်ပြချက်များကို ဘဏ္ဍာရေး၊စီမံကိန်းနှင့် စီးပွားရေးကော်မတီမှ မှတ်တမ်းပြုထားမည်ဖြစ်ပြီး ရန်ကုန်မြို့သစ်စီမံကိန်းနှင့် ပက်သက် ပြီး သက်ဆိုင်ရာ ဌာနများနှင့်ဆွေးနွေးမှုများ ထပ်မံပြုလုပ်သွားရန်ရှိကာ ကော်မတီ၏ ဆုံးဖြတ်ချက် ကို မကြာမီတွင် ထုတ်ပြန်မည်ဖြစ်ကြောင်း သိရသည်။

ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar

ရန်ကုန်မြိုသစ်စီမံကိန်းကို လေးထောင့်ကန်တွင် ပြုလုပ်ရန် ပညာရှင်များတင်ပြ  ရန်ကုန်မြိုသစ်စီမံကိန်းကို လေးထောင့်ကန်တွင် ပြုလုပ်ရန် ပညာရှင်များတင်ပြ Reviewed by THITHTOOLWIN on 02:03 Rating: 5
Powered by Blogger.