![]() |
အိုင်းရစ် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Patrick Hickey အား တွေ့ရစဉ် (ဓါတ်ပုံ-ဆင်ဟွာ) |
အိုင်းရစ် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌ Patrick Hickey အား အိုလံပစ် လက်မှတ်များ တရားမဝင် ရောင်းချသည့် ဈေးကွက်တစ်ခု ဖြစ်ပေါ်လာစေမှုဖြင့် သြဂုတ်လ ၁၉ ရက်တွင် ရီယို ဒီ ဂျနေးရို မြို့၌ ထောင်ချခဲ့ကြောင်း သိရသည်။
အသက် ၇၁နှစ် ရှိပြီဖြစ်သော Hickey အား သြဂုတ် ၁၇ ရက်က ဖမ်းဆီးခဲ့သော်လည်း ၄င်းသည်ကျန်းမာရေး အခြေအနေ အကြောင်းပြချက်ဖြင့် ဆေးရုံ၌ ၂ ရက် နေထိုင်ခဲ့ကြောင်း သိရသည်။
ဘရာဇီး ရဲတပ်ဖွဲ့၏ပြောကြားချက်အရ အိုင်းရစ် အိုလံပစ်ကော်မတီသည် ဘရားဇီးနိုင်ငံ၌ လက်မှတ်များ ရောင်းချရန် Pro 10 ကုမ္ပဏီအား ငှားရမ်းခဲ့သော်လည်း လက်မှတ်များကို အခြား အိုင်းရစ်ကုမ္ပဏီတစ်ခု ဖြစ်သည့် THG ကုမ္ပဏီသို့ လွှဲပြောင်းပေးခဲ့ကြောင်း နှင့် THG ကုမ္ပဏီဒါရိုက်တာ ဖြစ်သူ Kevin James Mallon အား ၄င်း၏ ရီယိုဟော်တယ်အခန်းအတွင်း ၌ အိုလံပစ်လက်မှတ်ပေါင်း ၁၀၀၀ နီးပါး တွေ့ရှိခဲ့ပြီးနောက် ၄င်းအား သြဂုတ်လအစောပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့က လက်မှတ်များမှောင်ခိုရောင်းချနေသည့် အုပ်စုသည် လက်မှတ်များအား ပုံမှန်ဈေးထက် ၅ဆအထိ မြှင့်တင်ရောင်းချနေကြောင်း နှင့် ရောင်းချသည့် လက်မှတ်များအနက်မှ ရီယို အိုလံပစ် ဖွင့်ပွဲ လက်မှတ် အား အမေရိကန်ဒေါ်လာ ၈,၀၀၀ အထိ နှင့် ပိတ်ပွဲလက်မှတ်အား အမေရိကန်ဒေါ်လာ ၁၅,၀၀၀ အထိ ဈေးတင်ရောင်းချလျက်ရှိကြောင်း ပြောကြားခဲ့သည်။
Hickey အား ရီယို ဒီ ဂျနေးရိုမြို့ရှိ Bangu အကျဉ်းထောင်သို့ပို့ဆောင်ထားပြီး ၄င်း၏ အမှုအားဆက်လက် စစ်ဆေးသွားမည်ဖြစ်သည်။
Hickey အား အိုင်းရစ် အိုလံပစ်ကော်မတီ ရှိ ၄င်း၏ ရာထူးအပြင် ဥရောပ အိုလံပစ် ကော်မတီ နှင့် အမျိုးသားအိုလံပစ် ကော်မတီများ အဖွဲ့အစည်း များမှ ၄င်းနှင့် သက်ဆိုင်သည့် ရာထူးများကိုလည်း ခေတ္တ ရပ်ဆိုင်းထားကြောင်း သိရသည်။
(Xinhua)
http://www.xinhuamyanmar.com
တရားမဝင် လက်မှတ်ရောင်းချမှုဖြင့် အိုင်းရစ် အိုလံပစ်ကော်မတီ ဥက္ကဋ္ဌအား ဘရာဇီး၌ ထောင်ချ
Reviewed by THITHTOOLWIN
on
13:21
Rating:
