ကလေးတက္ကသိုလ်ကျောင်းသားများ မူးယစ်ဆေးရောင်းချသုံးစွဲမှု နောက်ဆက်တွဲ သတင်း


စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင်၊ ကလေးမြို့ တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီး၊ နေပြည်တော်ရဲချုပ်တို့ ၏ လမ်းညွှန်မှာကြားချက်များနှင့်အညီ ဒုတိယ ရက် ၁၀၀ စီမံချက်ကာလအတွက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ လောင်းကစားမှုပပျောက်ရေး အတွက် အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ မူးယစ်ဆေးဝါးရောင်းဝယ်သူနှင့် သုံးစွဲသူများကို ကွင်း ဆက်တွဲဖြင့် ဖမ်းဆီးရမိကြောင်း သိရသည်။


ယင်းသို့ ဖမ်းဆီးရာတွင် သြဂုတ် ၂၁ ရက် ည ၇ နာရီခွဲအချိန်က ကလေးမြို့  စမ်းမြို့  ရပ်ကွက်တွင် ချမ်းမြေ့အောင်စည် ရပ်ကွက်၊ နယ်မြေ(၅)နေ ခမ်ခန့် ကပ်(၁၈)နှစ်၊ သဇင်ရပ်ကွက် နယ်မြေ (၆)နေ ရှုပဗေဒ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသား ဂင့်ရှမ်းမှုန်(၂၁) နှစ်တို့ ထံမှ ဘိန်းဖြူဟုယူဆ ရသော အမှုန့်  အလေးချိန် လေးဂရမ်ခန့် ကာလတန်ဖိုး ငွေကျပ် လေးသိန်းနှင့် မြန်မာငွေစက္ကူရောရာ ငွေကျပ် တစ်သိန်းတို့ ကို ဖမ်းဆီးရမိသည်။

ကလေးမြို့ တာဟန်းရပ်ကွက်တွင် သြဂုတ် ၂၁ ရက် ည ၈ နာရီ ၄၅ မိနစ်အချိန်က ပြည်တော်သာကျေးရွာနေ ရှုပဗေဒ နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသား ပေါင်ဆွန် ခွာလ်(၂၃)နှစ်ထံမှ ဘိန်းဖြူဟုယူဆရသော အလေးချိန် သုည ဒသမ ၃ ဂရမ် ကာလတန်ဖိုးငွေကျပ် ၃၀၀၀၀ နှင့် ငွေစက္ကူ ရောရာ ၃၀၀၀၀ ကျပ်၊ ကလေးမြို့ တောင်ဖီလာရပ်ကွက်တွင် ယင်းည ည ၉ နာရီ ၅၀ မိနစ်အချိန်က ပြည်တော်သာကျေးရွာနေ ဦးဒုန်ခန့် လမ်လ် (၄၅)နှစ်ထံမှ ဘိန်းဖြူဟုယူဆရသော အမှုန့် အလေးချိန် ၁၃ ဂရမ် ကာလတန်ဖိုးငွေကျပ် ၁၃ သိန်းတို့ ကို ဖမ်းဆီးရမိသည်။

ယင်းအပြင် သြဂုတ် ၂၂ ရက် ည ၆ နာရီကျော်က ကလေးမြို့ လှိုင်သာယာရပ်ကွက်တွင်
ချင်းပြည်နယ် ဖလမ်းမြို့ ဖါရ်ထောက်ရပ်ကွက်နေ ဓာတုဗေဒ စတုတ္ထနှစ် တက္ကသိုလ်ကျောင်းသား တွန်လျန်ထန်(၂၀)နှစ်၊ တမူးမြို့  ဈေးတန်း(၁၁)ရပ်ကွက်နေ ခင်ဇစိန်(၂၁)နှစ်နှင့် ကလေးမြို့ နယ် ပျဉ်းခုံကြီး ကျေးရွာနေ ဘူမိဗေဒ ပထမနှစ် တက္ကသိုလ်ကျောင်းသား ဘွဲ့ ဆန် နော(၁၈)နှစ်တို့ ထံမှ ဘိန်းဖြူဟု ယူဆရသော အလေးချိန် သုည ဒသမ ၀၅ ဂရမ် ကာလ တန်ဖိုးငွေကျပ် ၅၀၀၀၊ စိတ်ကြွရှုးသွပ်ဆေးပြား နှစ်ပြား ကာလတန်ဖိုးငွေကျပ် ၆၀၀၀၊ ဆေးထိုးပြွန်နှင့် ဆေးထိုးအပ် တစ်စုံ၊ သွေးစများကပ်ညှိနေသည့် ဆေးထိုးပြွန် တစ်ခု၊ မူးယစ်ဆေးဝါးဘိန်းဖြူသုံးစွဲရာတွင် အသုံးပြုသော စက္ကူပေါ့တံ တစ်ခု တို့ ကို သိမ်း ဆည်းရမိသည်။


အဆိုပါမူးယစ်ဆေးဝါးလက်ဝယ်တွေ့ ရှိ ရောင်းချသုံးစွဲသူများအား ဆက်သွယ်အသုံးပြုကြ သည့် ပစ္စည်းများဖြစ်သော လက်ကိုင်ဖုန်းများ၊ မော်တော်ဆိုင်ကယ်များနှင့်အတူ မူးယစ်တပ် ဖွဲ့ စု(၅) ကလေးမြို့ မှ ရဲအုပ် သိန်းတင်ဦးက တရားလိုပြု၍ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် ပြစ်မှု ဆိုင်ရာဥပဒေပုဒ်မ- ၁၅/ ၁၉(က)/၂၀(က)/၂၁၊ ပုဒ်မ ၁၅/၁၆(ဂ)/၂၀(က)/၂၁၊ ပုဒ်မ ၁၅/၁၉(က) အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကလေးခရိုင်ပြန်/ဆက်
IPRD
ကလေးတက္ကသိုလ်ကျောင်းသားများ မူးယစ်ဆေးရောင်းချသုံးစွဲမှု နောက်ဆက်တွဲ သတင်း ကလေးတက္ကသိုလ်ကျောင်းသားများ မူးယစ်ဆေးရောင်းချသုံးစွဲမှု နောက်ဆက်တွဲ သတင်း Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.