ငလျင်ကြောင့် လွှတ်တော်ထဲ မှာ ဆွေးနွေးပွဲလုပ်နေတဲ့ အမတ်တစ်ချို့  ထွက်ပြေးခဲ့ကြရ


နေပြည်တော် သြဂုတ် ၂၄။

နေပြည်တော် မှာ လှုတ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လွှတ်တော်အတွင်း အလုပ်ရုံဆွေးနွေးပွဲပြုလုပ်နေတဲ့ အမတ် ၁၅၀ကျော်လောက် ခန်းမထဲက နေအပြင်ကို ထွက်ပြေးခဲ့ကြရတယ်လို့  သိရပါတယ်။

ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိမ်းက " အမျိုးသားလွှတ်တော်အဆောက်အဦးကြီးတုန်သွားတယ်။ အသံတွေကြားရတယ်။ အသံတွေက မျက်နှာကြက်လိုဟာမျိုးတွေ ပြုတ်ကျကုန်တာ။ ဆွေးနွေးပွဲတက်နေတဲ့ ကိုယ်စားလှယ်တွေအားလုံး ရှုတ်ရှုတ်သဲသဲ ထပြေးကြတယ်။ အဆောက်အဦးထဲပြေးတယ်။ စားပွဲဝိုင်းအောက်ကို ၀င်ပုန်းကြတယ်။ လမ်းပေါ်တက်ပြေးကြတယ်။ အလုပ်ရုံဆွေးနွေးပွဲရဲ့ အဆုံးသက်နိဂုံးချုပ်စကားပြောနေတဲ့ အချိန်လေးပေါ့။ ကနေဒါက နိုင်ငံခြားသားတွေပါတယ်။ သူတို့လည်း ရုတ်ရုတ်သည်းသည်းဖြစ်သွားကြတာပေါ့ "လို့ ဆိုပါတယ်။


အမျိုးသားလွှတ်တော်မှာ ဖက်ဒရယ်နဲ့ ပက်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲကျင်းပနေတာဖြစ်ပြီး လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်ပေါင်း ၁၅၀လောက်အထိ ရှိနေတာဖြစ်တယ်လို့  လည်း သိရပါတယ်။အမတ်တွေ အကုန်လုံးကလည်း အဆောက်အဦးထဲကနေ အမြန်ဆုံးထွက်ချင်နေကြတာကြောင့် ဆွေးနွေးပွဲကို အဆုံးသတ်လိုက်ရတယ်လို့ လည်း အမျိုးသားလွှတ်တော် အမတ်တစ်ချို့  ကပြောပါတယ်။

သြဂုတ် ၂၄ရက် ညနေ ၅နာရီ ၀၄မိနစ်၅၄စက္ကန့်က မန္တလေးမြေငလျင်စခန်းမှ အကွာအဝေး အနောက်တောင်ဘက် (၁၂၉ )မိုင်ခန့်ကို ဗဟိုပြပြီး အင်အား ရစ်(ခ်)တာစကေး ၆.၅ အင်အားရှိ ငလျင်တစ်ခုလှုပ်ခတ်သွားခဲ့တယ်လို့  မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
အလုပ်ရုံးဆွေးနွေးပွဲကို အမျိုးသားလွှတ်တော်က ထမင်းစားခန်းမဆောင်ကြီးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတဲ့ သူတော့ မရှိခဲ့ဘူးလို့  ပြောကြပါတယ်။

Author -ဖေသက်ထက်ခင်
Photo - Thiri Yadanar Facebook
Kumudra
https://www.facebook.com/newsKumudra/
ငလျင်ကြောင့် လွှတ်တော်ထဲ မှာ ဆွေးနွေးပွဲလုပ်နေတဲ့ အမတ်တစ်ချို့  ထွက်ပြေးခဲ့ကြရ  ငလျင်ကြောင့် လွှတ်တော်ထဲ မှာ ဆွေးနွေးပွဲလုပ်နေတဲ့ အမတ်တစ်ချို့  ထွက်ပြေးခဲ့ကြရ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.