![]() |
(မိုးအောင်ရင် ကို ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်) ( ဓာတ်ပုံ အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့) |
သရုပ်ဆောင်မိုးအောင်ရင်အား မူးယစ်ဆေးဝါးအမှုဖြင့် သြဂုတ် ၂၉ရက်၊ နံနက် ၄နာရီအချိန်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါးကြိုတင်သတင်းအရ သက်သေများနှင့်အတူ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ICE မူးယစ်ဆေးဝါး တစ်ဂရမ်နှင့်အတူ မိုးအောင်ရင်အား ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"မူးယစ်ဆေးဝါးကြိုတင်သတင်းအရ ဝင်ဖမ်းတာပါ။ မနက်သုံးနာရီမှာ သူနေတဲ့ တာမွေမြို့နယ်က မင်းရဲကျော်စွာအိမ်ရာမှာ ဝင်ရှာတယ်။ သူ့ကို မတွေ့ပဲ သူငယ်ချင်းနှစ်ယောက်ကို တွေ့တယ်။ အဲဒါနဲ့ ထပ်စုံစမ်းတော့ ပုဇွန်တောင်မှာ ရောက်နေတယ်ဆိုတာ သတင်းထပ်ရပြီး သွားဖမ်းခဲ့တာပါ"ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပုဇွန်တောင်ရှိနေအိမ်တွင် သရုပ်ဆောင်မိုးအောင်ရင်အား တွေ့ရှိရပြီးစစ်ဆေးစဉ် ၄င်းလွယ်ထားသည့် အညိုရောင်လယ်သာအိတ် ရွှေရောင်ဇစ်ဆွဲအိတ်အတွင်းမှ ICE မူးယစ်ဆေး ၁ဂရမ် ကာလတန်ဖိုး ၈၀၀၀၀ကျန်ခန့်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
သရုပ်ဆောင်မိုးအောင်ရင်အား အရေးယူပေးရန် ရဲအုပ်ထွန်းထွန်းမှ တရားလိုပြုလုပ် တိုင်တန်း၍ မယ(ပ)၆/၂၀၁၆၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ငယ်ထွေး(ကလေးမြို့)
Central News Myanmar
https://www.facebook.com/CNMyanmar/
သရုပ်ဆောင်မိုးအောင်ရင် မူးယစ်ဆေးဝါးအမှုဖြင့် ဖမ်းဆီးခံရ
Reviewed by THITHTOOLWIN
on
17:07
Rating:
