ကံမမြို့နယ် ရေကြီး


ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက် လာသဖြင့် ကံမမြို့နယ်တွင် မော်တော် ကားလမ်းပိုင်း အချို့ ရေလွှမ်းမိုးခြင်း များဖြစ်ပွား


ကံမ သြဂုတ် ၂

ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာသဖြင့် သရက်ခရိုင်၊ ကံမမြို့နယ် တွင် မော်တော် ကားလမ်းပိုင်းအချို့ ရေလွှမ်းမိုးခြင်း များဖြစ်ပွားခဲ့ပြီး ယနေ့ နံနက်ပိုင်း ကစ၍ လမ်းပန်း အဆက်အသွယ်ပြတ် တောက်ခဲ့သည်။

ထိုသို့ရေ လွှမ်းမိုးရာတွင် ကံမမြို့နှင့်ကညင်တိုင်းကျေးရွာအကြား ကတ္တရာလမ်းပေါ်တွင် အလျားပေ ၂၀၀ ၊ ရေအနက် ၄ ပေခန့်၊ ဂေါ်ပင်တောင်ကျေးရွာအနီး သဖန်းပင် အကွေ့တွင် အလျား ပေ ၁၅၀၊ ရေအနက် ၃ ပေခွဲခန့် နှင့် ကံမမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်း၊ ကန်လယ်ဘုရားအနီးတွင် အလျား ပေ ၃၀၀၊ ရေ အနက် ၃ ပေခွဲခန့် မြစ်ရေများလွှမ်းမိုးနေသဖြင့် သရက်-ကံမ-ရန်ကုန် ခရီးသည် တင် မော်တော် ကား လိုင်းများ၊ ကုန်တင်ယာဉ်များ၊ ကံမ-ပြည် မော်တော် ကားလိုင်းများ ရပ်ဆိုင်း ထားကြရသည်။

 မြို့ပေါ် နှင့် ကျေးရွာ များသို့ ဆက်သွယ်သွားလာကြသော ခရီးသွားပြည်သူများမှာ စက်တပ်လှေငယ်များမှ တဆင့် စီးနင်း၍ ဖြတ်သန်းသွားလာကြရကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ကံမမြို့နယ် ရေကြီး ကံမမြို့နယ် ရေကြီး Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.