ထရမ့်တာဝါပေါ် လူတက်

မိုးမျှော်တိုက် တွယ်တက်သူကို လူတွေ ဝိုင်းကြည့်
ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရမ့်ပိုင်တဲ့ နယူးယော့က ထရမ့်တာဝါကို အမျိုးသား တယောက် တွယ်တက် ခဲ့ပါတယ်။

မှန်ချပ်တွေနဲ့ ကာထားတဲ့ ၅၈ ထပ်မြင့်တဲ့ ဒီ မိုးမျှော် အဆောက်အအုံဟာ မစ္စတာ ထရမ့်ရဲ့ မဲဆွယ် စည်းရုံးရေး ဌာနချုပ်လည်း ဖြစ်ပါတယ်။

ထရမ့်ကိုယ်တိုင်လည်း ဒီတာဝါ ထိပ်ဆုံးနားက တိုက်ခန်းတခန်းမှာ နေပါတယ်။

လူ တွယ်တက်တဲ့ အချိန်မှာတော့ ထရမ့် တာဝါမှာ မရှိပါဘူး။

တွယ်တက်သူက သူ့ကိုယ်မှာ ကြိုးသိုင်းပြီး စုပ်ခွက်တွေနဲ့ ကပ်ကာ အဆောက်အအုံကို တွယ်တက် ခဲ့တာပါ။

ဒီလူ တွယ်တက်တဲ့ အကြောင်းနဲ့ သူ့နောက်ကြောင်းကို မသိဘူးလို့ ရဲက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

သင်ရဲ့မိတ်ဆွေတွေ ဘာတွေဖတ်သလဲ စိတ်ဝင်စားသလဲ

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ