ပြည်နယ် အစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရဲ့ပိုင်ဆိုင်မှုတွေ တင်ပြရမည်

ရှမ်းပြည်နယ် လားရှိုးမြို့ရှိ အစိုးရရုံးတစ်ရုံးကို တွေ့ရစဉ်။ Photo: Kan Thar/ RFA
ရှမ်းပြည်နယ်အစိုးရအဖွဲ့အောက်က ဌာနဆိုင်ရာအသီးသီးက ၀န်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းတွေကို ချိတ်ပိတ်အပ်နှံဖို့ ပြည်နယ်အစိုးရအဖွဲ့က ညွန်ကြားလိုက် ပါတယ်။

လာဘ်ပေးလာဘ်ယူမှုတွေ ပပျောက်ဖို့အတွက် ဌာနဆိုင်ရာဝန်ထမ်းတွေရဲ့ ပိုင်ဆိုင်မှုစာရင်းကို တောင်းယူထားတာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာရှိလာမှ ဖွင့်ဖောက်စစ်ဆေးမှာဖြစ်ပါတယ်။

အဲဒီညွှန်ကြားချက်ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး ပြည်ထောင်စုအစိုးရဲ့ ညွန်ကြားချက် မဟုတ်ဘူးလို့လည်း ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးတွေက ပြောပါတယ်။

ချိတ်ပိတ်ထားတဲ့စာရင်းတွေကို ရှမ်းပြည်နယ် ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးက သိမ်းယူထားမှာဖြစ်ပြီး ၀န်ထမ်းအားလုံး ပေးအပ်ကြဖို့ ညွန်ကြားချက်ထုတ်ဖို့ လည်း ပြင်ဆင်နေပါတယ်။

RFA Burmese
http://www.rfa.org/burmese
ပြည်နယ် အစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရဲ့ပိုင်ဆိုင်မှုတွေ တင်ပြရမည် ပြည်နယ် အစိုးရအဖွဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ ရဲ့ပိုင်ဆိုင်မှုတွေ တင်ပြရမည် Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.