လောပိတမှာ ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲပြုလုပ်

လောပိတ အမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်းက သိမ်းဆည်းခဲ့တဲ့ ယာနဲ့ ခြံမြေ ဧက (၇ဝ) ကျော်ပေါ်မှာ ဒေသခံတောင်သူတွေ သြဂုတ်လ ၁၁ ရက်နေ့က ဝင်ရောက်ရှင်းလင်းစဉ်။ Photo: Nay Thwae/RFA
ကယားပြည်နယ် လွိုင်ကော်မြို့နယ် လောပိတ အမှတ် (၁) ရေအားလျှပ်စစ်စီမံကိန်းက သိမ်းဆည်းခဲ့တဲ့ ယာနဲ့ ခြံမြေ ဧက (၇ဝ) ကျော်ပေါ်မှာ ဒေသခံတောင်သူတွေ ဝင်ရောက်ရှင်းလင်း ထွန်ယက်ပြီး ထွန်တုံးတိုက်ပွဲ ဆင်နွဲခဲ့ပါတယ်။

တောင်ယာတွေအနေနဲ့ သူတို့လယ်မြေတွေကို ပြန်လိုချင်တဲ့အတွက် ထွန်တုံးတိုက်ပွဲလုပ်ရတာ ဖြစ်တယ်လို့ မြေ သိမ်းခံထားရသူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးထားရုက ပြောပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၅ ခုနှစ်ဝန်းကျင်က လောပိတကျေးရွာအုပ်စုမှာရှိတဲ့ လောကထု၊ ဆိုလစယ်၊ ၁ဝ မိုင် ကျေးရွာ သုံးရွာက ခြံနဲ့ ယာမြေဧက ၇ဝ ကျော်ပေါ်မှာ အမှတ် ၁ ရေအားလျှပ်စစ်စက်ရုံစီမံကိန်း ဧရိယာဆိုပြီး သိမ်းယူခဲ့တာဖြစ်ပါတယ်။

စီမံကိန်းကာလပြီးဆုံးသွားပြီဖြစ်ပေမဲ့ ယာမြေတွေကို ဒေသခံတွေဆီပြန်မပေးဘဲ ဝန်ထမ်းတွေက အဲ့ဒီ မြေတွေပေါ်မှာ စိုက်ပျိုးလုပ်ကိုင်နေကြတာလို့  ဆိုပါတယ်။

မြို့နယ်မြေစာရင်းဌာန တာဝန်ရှိသူတွေကို အကြိမ်ကြိမ်တင်ပြတောင်းဆိုခဲ့ပေမယ့် ဖြေရှင်းပေးတာတွေ မရှိတဲ့အပြင် စီမံကိန်းဝန်ထမ်းတွေက ခြံနဲ့ ယာမြေတွေပေါ်မှာ ဆက်ပြီးထွန်ယက်စိုက်ပျိုးနေ တာကြောင့် ဒေသခံတွေစုပေါင်းပြီး ထွန်းတုံးတိုက်ပွဲပြုလုပ်နေတာ ဖြစ်ပါတယ်။

ဒီကနေ့ ထွန်တုံးတိုက်ပွဲကို လောကထု၊ ဆိုစလယ်နဲ့ ၁ဝ မိုင်ကျေးရွာက မြေသိမ်းခံ တောင်သူ ၃ဝ တို့ ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

RFA Burmese
http://www.rfa.org/burmese
လောပိတမှာ ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲပြုလုပ်  လောပိတမှာ ဒေသခံတောင်သူတွေ ထွန်တုံးတိုက်ပွဲပြုလုပ် Reviewed by THITHTOOLWIN on 19:22 Rating: 5
Powered by Blogger.