![]() |
ဖမ်းဆီးရမိထားသော ငွေတုများအား ပြသနေစဉ်(ဓာတ်ပုံ-အင်တာနက်) |
ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှုခင်းတန်ပြန်တိုက်ဖျက်ရေးတပ်ဖွဲ့ (RAB) သည် နိုင်ငံတွင်း၌ငွေတုပြုလုပ်မှုဖြင့် နိုင်ငံခြားသား ၉ ဦး နှင့် ဘင်္ဂလားဒေ့ရှ် လူမျိုးတစ်ဦးအားဖမ်းဆီးလိုက်ကြောင်း သတင်းထုတ်ပြန်သည်။
RAB တပ်ဖွဲ့ မှအမည်မဖော်လိုသည့် အရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားရာတွင် ၄င်းတို့ အား ငွေတုအမြောက်အမြား အပါအဝင် ၊ ငွေတုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာများ နှင့်အတူ ဒါကာမြို့ ရှိ Bashundhara လူနေတိုက်ခန်း၌ သြဂုတ် ၇ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
ထို့ ပြင် ၄င်းအရာရှိက ဖမ်းဆီးရမိသူများအနက် အမျိုးသမီး နှစ်ဦးပါဝင်ပြီး ၊ တစ်ဦးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသူဖြစ်ကြောင်း ပြောကြားခဲ့သည်။
(Xinhua)
http://www.xinhuamyanmar.com
ဘင်္ဂလားဒေ့ရှ် ၌ ငွေတုပြုလုပ်သူ အာဖရိက အမျိုးသား ၉ ဦးအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
16:12
Rating:
