![]() |
(ဓာတ်ပုံ- ပျောက်ဆုံးနေသူ ကျောင်းသူ လေးဦးကို ရှာဖွေနေမှု မြင်ကွင်း) |
သြဂုတ်လ ၁၉ ရက် နံနက် ၉ နာရီကျော်က ရသေ့တောင်မြို့နယ် ဇီးကုန်တန်းမှ ကူးတို့လှေ နစ်ပြီး ပျောက်ဆုံးနေသည့် ကျောင်းသူ ၄ ဦးထဲမှ ၉ တန်းကျောင်းသူ မ ဦးတင်ရီ (၉ တန်း) အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီဟု သိရသည်။
“ ခတောက်ချောင်းဝမှာ ၉ တန်းကျောင်းသူ အလောင်းကို တွေ့ရှိပါတယ်။ အခု အလောင်းကို လှေပေါ်တင်ပြီး စက်လှေနဲ့ ရွာကို ဆွဲယူလာပါပြီ” ဟု မယူကမ်း ဒေသဖွံ့ဖြိုးရေးအသင်း ဒုဥက္ကဋ္ဌ ဦးမောင်ကျန်ဝေက ပြောသည်။
မဦးတင်ရီမှာ ကျောက်စာတိုင်ကျေးရွာမှ ဦးစိန်ယဉ်မောင်၏ သမီးကြီး ဖြစ်ကြောင်း၊ သူမ၏ ပျောက်ဆုံးနေသည့် ညီမဖြစ်သူ မနီနီအေး (၇ တန်း) ကို မတွေ့ရှိသေးကြောင်းသိရသည်။
ယခုအခါ ပျောက်ဆုံးနေသည့် ကျောင်းသူ သုံးဦးအား ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်း ဦးမောင်ကျန်ဝေက ပြောကြားသည်။
ကူးတို့လှေနစ်မြုပ်မှုမှာ လှေဦးပေါက်၍ ရေ၀င်နစ်မြုပ်ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရက ထုတ်ပြန်ထားသည်။
Narinjara
https://www.facebook.com/Narinjara
လှေနစ်မြုပ် ပျောက်ဆုံးနေသူ အထဲမှ ၉ တန်းကျောင်းသူ အလောင်းတွေ့ရှိ
Reviewed by THITHTOOLWIN
on
13:21
Rating:
