တပ်ကုန်း သြဂုတ် ၂၆
တပ်ကုန်းမြို့နယ် သံပုရာကုန်းကျေးရွာအုပ်စု သံပုရာကုန်းကျေးရွာ၌ ယနေ့နံနက် ၃ နာရီ အချိန်တွင် မိုးအဆက် မပြတ် ရွာသွန်းမှုကြောင့် ကျေးရွာ၏ အရှေ့ဘက် ဆင်သေချောင်းမှ ရေများမြင့်တက်လာပြီး ကျေးရွာ အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ ရေနစ်မြုပ်လျှက်ရှိကြောင်းနှင့် အဆိုပါ ကျေးရွာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတ အသင်း အဖွဲ့များမှ ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန် သွားရောက်လျှက်ရှိကြောင်း ကနဦး သတင်း ရရှိသည်။
မြို့နယ်(ပြန်/ဆက်)
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
တပ်ကုန်းမြို့နယ် သံပုရာကုန်းကျေးရွာ ရေနစ်မြုပ်လျက်ရှိ
Reviewed by THITHTOOLWIN
on
10:22
Rating:
