ခန္တီးမြို့ မ ရဲစခန်း ၏ အချုပ်ခန်းဖောက်ထွင်းမှုဖြစ်ပွား


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့  ရှိ မြို့ မရဲစခန်း ယနေ့ည ၈ နာရီကျော်အချိန်တွင် အချုပ်ခန်းဖောက်ထွင်းမှု ဖြစ်ပွားခဲ့ကြောင်း မြို့ နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦး ထံမှ သိရသည် ။
" ကျွန်တော်တို့ လည်းစစ်နေတုန်းဗျ ၊ အချုပ်ခန်းဖောက်ခံရတာပါ ၊ အခုထိစစ်နေတုန်းဗျ ၊ ဟုတ်ကဲ့ပါ " ဟု ခန္တီး မြို့ နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ရှမ်းနီအသံသို့ ပြောကြားသည် ။

ခန္တီးမြို့  ဒေသခံများပြောဆိုသည့် သတင်းများအရ ထောင်ဖောက်ထွင်းမှုကြောင့် အချုပ်သား ၁၀ ဦးကျော် ထွက်ပြေးခဲ့သော်လည်း ၈ ဦးကို ပြန်လည်ဖမ်းဆီးရမိပြီး ၂ ဦးမှာ လွတ်မြောက် နေကြောင်း သိရသည်။

The Voice of Shan-Ni
ခန္တီးမြို့ မ ရဲစခန်း ၏ အချုပ်ခန်းဖောက်ထွင်းမှုဖြစ်ပွား  ခန္တီးမြို့ မ ရဲစခန်း ၏ အချုပ်ခန်းဖောက်ထွင်းမှုဖြစ်ပွား Reviewed by THITHTOOLWIN on 03:22 Rating: 5
Powered by Blogger.